Connect with us

Hi, what are you looking for?

News

ကျင်​ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်များသွားလာခွင့်​အကန့်အသတ်မရှိ ပိတ်ပင်​ကြောင်းCDF ကန်ပက်လက်ထုတ်ပြန်

ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိ​ပေးထားသည်။

၂၀၁၉ ဧပြီ ၅ ရက်တွင် ကျင်​ဒွေးမြို့ဖွင့်ပွဲပြုလုပ်စဥ်

●တားမြစ်ထား​သောတင်ဒါလုပ်ငန်းလုပ်ကိုင်​နေပြီး တင်ဒါအ​ကြောင်းပြ၍ စစ်တပ်အတွက်ရိက္ခာနှင့် ပစ္စည်းသယ်​ပေး​နေ​သော​ကြောင့်ပိတ်ပင်ခြင်းဟုတာဝန်ရှိသူ​ပြော

စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေး တင်ဒါလုပ်ငန်းများ မလုပ်ရန်တားမြစ်ထားသည့်ကြားမှ ဆက်လုပ်နေ​သောကြောင့်ကန်ပလက်မြို့နယ်ရှိ ကျင်ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်သွားလာခွင့်ကို မေ ၁၅ရက်ကစတင်ပြီးအကန့်အသတ်မရှိ ပိတ်ပင်ကြောင်း CDF(ကန်ပက်လက်)ကထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်နယ် တစ်ခုလုံးတွင် စစ်​ကောင်စီလက်​အောက်မှတင်ဒါလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန် CJDC(ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) က ၂၀၂၁ စက်တင်ဘာ ၃၀ နှင့် ၂၀၂၂ ဧပြီ၁၂ ရက်တျု့တွင် နှစ်ကြိမ်တိုင်တားမြစ်ထားပြီး ကန်ပက်လက်မြို့တွင် ၂၀၂၁ ဒီဇင်ဘာ ၁၆ ရက်ကတည်းက မည့်သည့်ကုမ္ပဏီလုပ်ငန်းများ လုပ်ငန်းမလုပ်ကိုင်ရန် တားမြစ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

CDF ကန်ပက်လက်ထုတ်ပြန်ချက်

“တင်ဒါလုပ်ငန်းတွေကို အကြောင်းပြပြီးစစ်ကောင်စီရဲ့ တပ်စခန်းတွေ ရိက္ခာတွေ၊ ပစ္စည်းတွေ ကူသယ်ပေးနေလို့ တားမြစ်ရတာပါ ”ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူကဆိုထားသည်။

Public Service Announcement

Public Service Announcement

ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိ​ပေးထားသည်။

ထိုကြောင့် ကျင်ဒွေးမြို့ကို သွားမည့် ကားနှင့် ဆိုင်ကယ်များကို ပိတ်ပင်ကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် မိမိတို့တာဝန်သာဖြစ်သည်ဟု CDF(ကန်ပက်လက်)ကသတိ​ပေးထားသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်​ဒွေးကို ​ကျေးရွာအဆင့်မှ မြို့အဖြစ် ၂၀၁၉ ဧပြီ ၅ ရက်တွင် အရပ်သားအစိုးရကဖွင့်လှစ်​ပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Trending

Facebook