Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျင်​ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်များသွားလာခွင့်​အကန့်အသတ်မရှိ ပိတ်ပင်​ကြောင်းCDF ကန်ပက်လက်ထုတ်ပြန်

ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိ​ပေးထားသည်။

၂၀၁၉ ဧပြီ ၅ ရက်တွင် ကျင်​ဒွေးမြို့ဖွင့်ပွဲပြုလုပ်စဥ်

●တားမြစ်ထား​သောတင်ဒါလုပ်ငန်းလုပ်ကိုင်​နေပြီး တင်ဒါအ​ကြောင်းပြ၍ စစ်တပ်အတွက်ရိက္ခာနှင့် ပစ္စည်းသယ်​ပေး​နေ​သော​ကြောင့်ပိတ်ပင်ခြင်းဟုတာဝန်ရှိသူ​ပြော

စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေး တင်ဒါလုပ်ငန်းများ မလုပ်ရန်တားမြစ်ထားသည့်ကြားမှ ဆက်လုပ်နေ​သောကြောင့်ကန်ပလက်မြို့နယ်ရှိ ကျင်ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်သွားလာခွင့်ကို မေ ၁၅ရက်ကစတင်ပြီးအကန့်အသတ်မရှိ ပိတ်ပင်ကြောင်း CDF(ကန်ပက်လက်)ကထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်နယ် တစ်ခုလုံးတွင် စစ်​ကောင်စီလက်​အောက်မှတင်ဒါလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန် CJDC(ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) က ၂၀၂၁ စက်တင်ဘာ ၃၀ နှင့် ၂၀၂၂ ဧပြီ၁၂ ရက်တျု့တွင် နှစ်ကြိမ်တိုင်တားမြစ်ထားပြီး ကန်ပက်လက်မြို့တွင် ၂၀၂၁ ဒီဇင်ဘာ ၁၆ ရက်ကတည်းက မည့်သည့်ကုမ္ပဏီလုပ်ငန်းများ လုပ်ငန်းမလုပ်ကိုင်ရန် တားမြစ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

CDF ကန်ပက်လက်ထုတ်ပြန်ချက်

“တင်ဒါလုပ်ငန်းတွေကို အကြောင်းပြပြီးစစ်ကောင်စီရဲ့ တပ်စခန်းတွေ ရိက္ခာတွေ၊ ပစ္စည်းတွေ ကူသယ်ပေးနေလို့ တားမြစ်ရတာပါ ”ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူကဆိုထားသည်။

Public Service Announcement

Public Service Announcement

ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိ​ပေးထားသည်။

ထိုကြောင့် ကျင်ဒွေးမြို့ကို သွားမည့် ကားနှင့် ဆိုင်ကယ်များကို ပိတ်ပင်ကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် မိမိတို့တာဝန်သာဖြစ်သည်ဟု CDF(ကန်ပက်လက်)ကသတိ​ပေးထားသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်​ဒွေးကို ​ကျေးရွာအဆင့်မှ မြို့အဖြစ် ၂၀၁၉ ဧပြီ ၅ ရက်တွင် အရပ်သားအစိုးရကဖွင့်လှစ်​ပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။