Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကိုတက်သိမ်းရတဲ့အကြောင်ရင်းကို KNU ထုတ်ပြန်

စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ သေဘောဘိုးအခြေစိုက် ခလရ(၃၂)နဲ့ ခမရ(၅၅၉)ဟာ တပ်စခန်းအနီးရှိ ကျေးရွာတွေထဲကို လက်နက်ကြီးမကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားကို သွားလာနေကြတဲ့ ရွာသူရွာသားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ အမြဲတစေပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းဟာအနားကကျေးရွာတွေကို ပစ်ခတ်ခြိမ်းခြောက်နေပြီး ရွာသူ၊ ရွာသားတွေ ထိခိုက်သေဆုံးရတာကြောင့် အဲဒီစခန်းကို သိမ်းရတာဖြစ်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ပါတယ်။

ကျေးရွာတွေကို လက်နက်ကြီးနဲ့မကြာခဏပစ်ခတ်လေ့ရှိပြီး သွားလာနေတဲ့ ရွာသားတွေကိုလည်း ပစ်ခတ်ခြိမ်းခြောက်တာတွေကြောင့် ရွာသားတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိတာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ သေဘောဘိုးအခြေစိုက် ခလရ(၃၂)နဲ့ ခမရ(၅၅၉)ဟာ တပ်စခန်းအနီးရှိ ကျေးရွာတွေထဲကို လက်နက်ကြီးမကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားကို သွားလာနေကြတဲ့ ရွာသူရွာသားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ အမြဲတစေပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီလိုပစ်ခတ်မှုတွေကြောင့် ဒေသခံရွာသားတွေမှာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးတာတွေလည်းရှိခဲ့တဲ့အပြင် တပ်စခန်းအနီးတစ်ဝိုက်ရှိ ရွာသားတွေမှာလည်း ဘဝလုံခြုံမှုမရှိတော့ပဲ စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်အသက်ရှင်နေရတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ရွာသူရွာသားတွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ နယ်မြေခံတပ်တွေဆီကို အကြောင်းကြားအသိပေးလာတာကြောင် ကေအဲန်ယူအနေနဲ့ စစ်ကောင်စီရဲ့သေဘောဘိုးတပ်စခန်းကို သိမ်းယူဖို့စီစဉ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သေဘောဘိုးတပ်စခန်းကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ တပ်ခွဲ(၂) က ဒုခွဲမှူးဗိုလ်ဒါဘော(ကော်ဘရာစစ်ကြောင်းမှူး)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ဗိုလ်အယ်စေးဝါးတို့က ဦးဆောင်သိမ်းယူပြီး မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ စခန်းကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

အဆိုပါစခန်းကို ရှင်းလင်းစဉ် စစ်ကောင်စီရဲ့ ဒုရင်းမှူးတစ်ဦး တပ်ခွဲမှူးတစ်ဦးအပါအဝင် အလောင်းငါးလောင်းတွေ့ရှိရပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က သုံးဦး ကျဆုံးခဲ့ရပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းအမြောက်အများနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီက လေယာဉ် ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ပေါင်း (၃၅)ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါသေးတယ်။

သေဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒေသခံရွာသူရွာသားတွေ အေးချမ်းတည်ငြိမ်စွာ ပြန်လည်နေထိုင်စားသောက်နိုင်ဖို့အတွက် နယ်မြေ ရှင်းလင်းရေးတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။