Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ယန္တရားကို ဖြိုဖျက်ရန်ပြည်သူလူထုCDM က အရေးကြီးဆုံးဟုအ​ခြေခံပညာ​ရေးညီလာခံမှကိုယ်စားလှယ်​ပြော

လက်ရှိတွင် CDM ဆရာ၊ ဆရာများ၏ သင်ကြားပေးမှုဖြင့် ပြည်သူအခြေပြုပညာရေး၊ ရပ်ရွာ အခြေပြုပညာရေးတို့ကို လုပ်ဆောင်နေပြီး အွန်လိုင်းမှသာမက စာသင်ကျောင်းများ၌ ကိုယ် တွေ့ သင်ကြားမည့် အစီအစဉ်များလည်း ရှိကြောင်း အခြေခံပညာရေးညီလာခံကော်မတီက ရှင်းလင်းသည်။

စစ်​အာဏာရှင် သက်ဆိုးရှည်​စေမည့်ပညာ​ရေးအလိုမရှိ​ကြောင်း ဆန္ဒထုတ်​ဖော်​နေကြစဥ်

●စစ်အာဏာရှင်လက်အောက်တွင် အရည်အချင်းရှိသည့် ပညာရေးပေးနိုင်မည်မဟုတ်ကြောင်း CDM ဆရာ၊ ဆရာမများ ယုံကြည်

စစ်အာဏာရှင်ယန္တရားကို ဖြိုဖျက်ရန် ပြည်သူလူထု၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)က အရေးကြီးဆုံးဖြစ်ပြီး ပြည်သူလူထုမပါဝင်ပါက မည်သည့်တော်လှန်ရေးမျှ အောင်မြင်မည်မဟုတ် ကြောင်း အခြေခံပညာရေးညီလာခံကိုယ်စားလှယ် ဆရာနောင်ချိုက ပြောသည်။

မကြာမီတွင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများကို တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းသည် ကျောင်းသားမိဘများ၏ ဆုံးဖြတ်ချက်ဖြစ်သော်လည်း စစ်အာဏာရှင် ပြုတ်ကျရန်မှာ ပြည်သူလူထု၏ CDM က လွန်စွာအရေးကြီးကြောင်း ဆရာနောင်ချိုက ပြောသည်။

အခြေခံပညာရေးညီလာခံကိုယ်စားလှယ် ဆရာနောင်ချို

“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ CDM လုပ်တာ စာမသင်ချင်လို့ မဟုတ်ဘူး။ တာဝန်မထမ်းဆောင် ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့သည် ဒီစစ်အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ သား၊ သမီးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အရည်အသွေးပြည့်၀ တဲ့ပညာရေး ၊ အာမခံချက်ပြည့်၀တဲ့ပညာရေး ပေးနိုင်မယ်လို့ မယုံကြည်လို့ ဆရာ၊ ဆရာမတွေက CDM လုပ်ခဲ့ကြတာ။ အလုပ်မလုပ်ခဲ့ကြတာ။ လုပ်ငန်းခွင်ကို သပိတ်မှောက်ခဲ့ကြတာ” ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် CDM ဆရာ၊ ဆရာများ၏ သင်ကြားပေးမှုဖြင့် ပြည်သူအခြေပြုပညာရေး၊ ရပ်ရွာ အခြေပြုပညာရေးတို့ကို လုပ်ဆောင်နေပြီး အွန်လိုင်းမှသာမက စာသင်ကျောင်းများ၌ ကိုယ် တွေ့ သင်ကြားမည့် အစီအစဉ်များလည်း ရှိကြောင်း အခြေခံပညာရေးညီလာခံကော်မတီက ရှင်းလင်းသည်။

ကြားကာလ အခြေခံပညာရေးအစီအစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်၊ အခြေခံပညာရေး လုပ်ငန်းများ အရည်အသွေး ခိုင်မာမှုရှိစေရန်နှင့် ပိုမိုအားကောင်းလာစေရန် အတွက် အခြေခံပညာရေးညီလာခံကို မေ ၁၀ မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံမှ ထွက်ပေါ်ခဲ့သော ညီလာခံရလဒ်များကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် သက်ဆိုင်
ရာအစုအဖွဲ့များထံ ပေးပို့ထားပြီး သက်ဆိုင်ရာအစုအဖွဲ့များက ညီလာခံရလဒ်များကို ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားကြောင်း အထက်ပါ ကော်မတီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook