Connect with us

Hi, what are you looking for?

သတင်း

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာပါဝင်

အမေရိကန်က ထုတ်ပြန်သော ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ အီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မီနစ္စတန် တို့ ပါဝင်သည်။

2021 Report on International Religious
2021 Report on International Religious

စစ်အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့်သည် ပိုမိုဆိုးရွားလာခဲ့ပြီး အမေရိကန်၏ စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လာသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အရပ်သားအစိုးရကို ဖယ်ရှားပြီးနောက် လူနည်းစု ဘာသာခြားများနှင့် လူမျိုးဘာသာကွဲများကို ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပစ်မှတ်ထားအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြသည်။

စစ်တပ်ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ အခြေခံဥပဒေတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ခွင့်ပြုထားသော်လည်း အာဏာသိမ်းချိန်ကစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုးရွားသည့်လူ့ အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ပြန့်စွာကျူးလွန်လာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)က ၂၀၂၁ ဒီဇင်ဘာတွင် ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်နီ(ကယား)ရှိ ခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်း၊ ရန်ကုန်တိုင်းတွင် အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦး၏ရုပ်အ​လောင်းကို အမျိုးသမီးအဝတ်အစားများဝတ်ဆင်ပြီး နှုတ်ခမ်းနီဆိုးပေးကာ တွဲလျောင်းချိတ်ထားခြင်း၊ ချင်း ပြည်နယ်ရှိ ခရစ်ယာန်သင်းအုပ်ဆရာတို့ကို သတ်ဖြတ်ခြင်း စသည့်တို့ကို ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အမေရိကန်က ထုတ်ပြန်သော ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ဖွယ်အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ အီထရီယာ၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မီနစ္စတန် တို့ ပါဝင်သည်။

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များသည် မူဆလင်အများစုဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်ခဲ့ခြင်းနှင့် ဆက်လက်ကျူးလွန်လျက်ရှိသော်လည်း ပြစ်ဒဏ်ခံရခြင်းမှ လုံးဝနီးပါး ဆက်လက်ကင်းလွတ်နေကြောင်း အမေရိကန်က ထုတ်ပြန်သည်။

၂၀၁၇ တွင် ရိုဟင်ဂျာ ၁ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေမှုနှင့်ပတ်သက်၍ မြန်မာစစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)နှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မတ်လက သတ်မှတ် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။