Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ် ကံသစ်​ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကို PDFများ သွား​ရောက်မီးငြှိမ်းသတ်​ပေး

ဇွန်လ ၄ ရက်ကလည်း ခင်ဦးမြို့နယ် သာဂရကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး (၇၉)နှစ်အရွယ် အဘွားအိုတစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။

ခင်ဦးမြို့နယ် ကံသစ်​ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး
ခင်ဦးမြို့နယ် ကံသစ်​ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်​ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဒေသတွင်းPDF များလာရောက်မီးငြှိမ်းသတ်​ပေးခဲ့ကြောင်း ​ဒေသခံများက ​ပြောသည်။

စစ်​ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု​ကြောင့် အဆိုပါ​ကျေးရွာမှ နေအိမ် ၅၀ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ ၁၀ရက်) မွန်းလွဲ ၂နာရီခန့်က ခင်ဦးမြို့နှင့် ရေဦးမြို့မှ စစ်​ကောင်စီတပ်နှင့် ပျူစောထီးများသည် ကံသစ်ရွာသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကံသစ်ရွာရှိ အရံမီးသတ်ရုံးတစ်ခုအပါအဝင် နေအိမ် ၅၂လုံး၊ စပါးတိုက် ၁၂လုံးမှ စပါးတင်းရေ ထောင်ချီ၊ မီးဖိုတဲ ၂၃လုံး၊စျေးဆိုင်တစ်ဆိုင်၊ ထော်လာဂျီ တစ်စီး၊ စပါးခြွေစက်တစ်ခု၊ ဆိုင်ကယ်လေးစီး၊ လယ်ထွန်စက် ​လေးခု နှင့်အိမ်တွင်းပရိဘောဂပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကံသစ်ကျေးရွာသည် စစ်တပ်က အာဏာသိမ်းပြီးအချိန်မှစ၍ ယနေ့အထိ (၂၃)ကြိမ် ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။ စီးနင်းမှုများတွင် ​ဒေသခံပြည်သူ ရှစ်ဦးသေဆုံးခဲ့ရပြီး ၂၉ဦးအထိ ဖမ်းဆီးခြင်းခံထားရကာ တစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“ဒေသခံပြည်သူအများစုဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေသလို စစ်ကြောင်းဟာ အဆက်မပြတ်ဝင်ရောက်နေခဲ့လို့ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ဇွန်လ ၄ ရက်ကလည်း ခင်ဦးမြို့နယ် သာဂရကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး (၇၉)နှစ်အရွယ် အဘွားအိုတစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းကာလအတွင်း ခင်ဦးမြို့နယ်အတွင်းရှိ ရွာပေါင်း ၃၅ရွာမှ နေအိမ်ပေါင်း ၁,၅၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။