Connect with us

Hi, what are you looking for?

သတင်း

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာ့အရေးနည်းလမ်းနှစ်သွယ်တိုက်တွန်းချက်ကို NUG ကြိုဆို

တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိလာရေး ကြိုးပမ်းရာတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၊ ကုလအထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)တို့နှင့်ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုသည်။

(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီရှဲလ် ဘက်ချလက်တ်။ ။ဓါတ်ပုံ-DW )
(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီရှဲလ် ဘက်ချလက်တ်။ ။ဓါတ်ပုံ-DW )

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ရန်နှင့် စစ်ကောင်စီအပေါ် ပိုမိုဖိအားတိုးမြှင့်ရန် နည်းလမ်းနှစ်သွယ် တိုက်တွန်းချက်ကို ထောက်ခံကြိုဆိုကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

(၅၀)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ မဟာမင်းကြီး၏ နှုတ်၏တင်ပြချက် အပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့တွင်သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို တားဆီးရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီခိုင်မြဲစေရန်၊ လူသားချင်းစာနာမှုအကူအညီပေးရန်၊ ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရန် အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝန်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာရေး ကတိပြုထားကြောင်း NUG က ဆိုသည်။

ထို့အပြင် နိုင်ငံသားနှင့် ပြည်သူ့ရေးရာအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်(CCPR) နှင့် နှိပ်စက်ညှင်းပန်းမှုဆန့်ကျင်ရေးသဘောတူစာချုပ်(CAT)အပါအဝင်နောက်ထပ်စာချုပ်စာတမ်းများကိုလည်းအတည်ပြုလက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိလာရေး ကြိုးပမ်းရာတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၊ ကုလအထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)တို့နှင့်ချိတ်ဆက်ဆောင်ရွက်မည်ဟု ဆိုသည်။

လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း တာဝန်ခံမှုရှိစေရေး ကြိုးပမ်းမှုများတွင် ဆန်းသစ်တီထွင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်၊အကြမ်း ဖက်စစ်ကောင်စီထံ လက်နက်စီးဆင်းမှုတားဆီးရန်၊ စစ်ကောင်စီချုပ်ကိုင်ထားသည့်ငွေကြေးအဖွဲ့အစည်းများနှင့် စီးပွားရေးအကျိုးအမြတ်များကို ပိတ်ပင်ဖြတ်တောက်ပစ်ရန် NUG က တိုက်တွန်းသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်စာရင်းသွင်းရန်နှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့်နှင့် ရင်းမြစ်များကို ပိုမိုခိုင်မာ အားကောင်းစေရေးလုပ်ဆောင်ရန် ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook