Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

People's Spring
People's Spring

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇွန်လ (၂၂)ရက် မနက် (၁၁) နာရီအချိန်က စစ်ကောင်စီရဲ့ လေးကေတပ်စခန်းကနေ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရသွားပြီး နေအိမ်နှစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အမျိုးသမီး တစ်ယောက် ခြေထောက်ထိတယ်။ သူ့မှာ (၂)လအရွယ်ကလေးငယ်လေးလည်းရှိနေတော့ စိုးရိမ်ရတာပေါ့။ လက်နက်ကြီးက ရွာထဲမှာ (၃)လုံးပေါက်ကွဲတယ်။ အိမ်ကတော့ (၂)လုံးထိတာပေါ့။ တခြားထိခိုက်တာတွေလည်း ရှိသေးတယ်”လို့ ဒေသခံတစ်ဦးကပြေကြားကြောင်း ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်အတွင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လေးကေစခန်းကို ဒီကနေ့ မနက် (၁၁)နာရီအချိန်က KNLA KNDO ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒီလိုပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လေးကေတပ်စခန်းကနေ မင်းစောကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook