Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

“June လ မကုန်ခင် (ကျောင်းသား)ခေါ်ယူသွားမှာပါခင်ဗျ။ နောက်လ(ဇူလိုင်)ထဲကို ကျောင်းစတင် ဖွင့်လှစ်မှာပါ”ဟု Bago Federal School – BFS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ
နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

နိုင်ငံတစ်ဝှမ်း ​ကြားကာလပညာရေးအတွက် အသစ်ထပ်မံဖွင့်လှစ်မည့် ဖက်ဒရယ်ကျောင်းအရေအတွက် တိုးလာနေကြောင်း CDM ပညာရေးအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

အဆိုပါကျောင်းများတွင် Bago Federal School ၊ Spring Education Taunggyi – SET ၊
Unity Federal School ၊ Magway Federal School ၊ Kyaukpadaung Federal School ၊ Nway Oo Federal School ၊ Yaung Ni Federal School ၊ Light Of Love Federal School စသည့်ကျောင်းများ ပါဝင်သည်။

ယင်းကျောင်းများအနက် Magway Federal School မှာ ယနေ့(ဇွန် ၂၅)စတင်ဖွင့်လှစ်ပြီး Spring Education Taunggyi – SET သည် ဇူလိုင် ၄ ရက်တွင်ဖွင့်လှစ်သွားမည်ဟု အသိ ပေးထားကာ Bago Federal School နှင့်အခြားကျောင်းများမှာ ရက်မသတ်မှတ်ရသေးသော် လည်း လာမည့်ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကျောင်းတာဝန်ရှိသူများက ဆိုသည်။

“June လ မကုန်ခင် (ကျောင်းသား)ခေါ်ယူသွားမှာပါခင်ဗျ။ နောက်လ(ဇူလိုင်)ထဲကို ကျောင်းစတင် ဖွင့်လှစ်မှာပါ”ဟု Bago Federal School – BFS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ
နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

BFS အနေဖြင့် လက်ရှိဆရာ၊ ဆရာမဦးရေအရ KG တန်းမှစ၍ အထက်တန်းအထိ အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ၁၀၀စီလက်ခံပေးသွားမည်ဟု၎င်းကဆက်​ပြောသည်။

Spring Education Taunggyi – SETကျောင်းအနေဖြင့် ဇွန် ၂၇ ရက်မှစ၍ အလယ်တန်းအဆင့်များကို ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇူ လိုင် ၄ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်သွားမည်ဟု အသိပေးကြေညာထားသည်။

အလားတူ Unity Federal School မှလည်း အထက်တန်း Grade-10 နှင့် Grade-11 ကျောင်း သူ/သားများကို ထပ်တိုး ခေါ်ယူမည်ဖြစ်ကာ လျှောက်ထားသူများတွင်အခြားကျောင်းများနှင့် ကျောင်းပြိုင်လျှောက်သူများ၏ လျှောက်လွှာများကို ပယ်သွားမည်ဟု အသိပေးသည်။

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ
နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

နိုင်ငံတစ်ဝှမ်း စစ်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းများကိုသပိတ်မှောက်ပြီး CDM ပြုလုပ်ထားသော ကျောင်းသားများ၏ ပညာရေးလို အပ်ချက်အားဖြည့်ဆည်းရန် NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် Federal School များဖွင့်လှစ်လျှက်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့မှာ Federal ကျောင်းများကို ဇွန်လဆန်းမှစတင်ပြီး အစောဆုံးဖွင့်လှစ်ခဲ့သည်။

အဆိုပါ​ကျောင်းအချို့၏​ဖေစ်ဘွခ်စာမျက်နှာများကို​ဖော်ပြလိုက်ပါသည်။

https://www.facebook.com/bagoregionfs/

https://www.facebook.com/Yaung-Ni-Federal-School-108017318609176/

https://www.facebook.com/nwayoofederalschool/

https://www.facebook.com/104876455478191/posts/142170071748829/
https://www.facebook.com/101490772604643/posts/108097525277301/
https://www.facebook.com/102567389159114/posts/112622184820301/
https://www.facebook.com/109030341824783/posts/122178230509994/

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။