Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် စစ်ကြောရေးတွင် သေဆုံးသူ ၉၅ ဦးရှိဟု AAPP ထုတ်ပြန်

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

(အင်းစိန်​ထောင်ကို အ​ပေါ်စီးမှမြင်ရပုံ။ ဓါတ်ပုံ-Getty Images)
(အင်းစိန်​ထောင်ကို အ​ပေါ်စီးမှမြင်ရပုံ။ ဓါတ်ပုံ-Getty Images)

အကြမ်းဖက်စစ်အုပ်စု၏ ညှဥ်းပန်းနှပ်စက်သတ်ဖြတ်မှုကြောင့် စစ်ကြောရေးတွင်သေဆုံးခဲ့ရသူ ၉၅ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က ယနေ့(ဇွန် ၂၆)တွင် ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် AAPP အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်း ၁၄ ဖွဲ့ပူးပေါင်းထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

အထက်ပါအထိမ်းအမှတ်နေ့၏ ယခုနှစ်ဆောင် ပုဒ်မှာ “ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ်၊ ပြစ် ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရဓလေ့အား အ ဆုံးသတ်”ဖြစ်ပြီး စစ်အုပ်စုနှင့် အခြားလက် နက်ကိုင်အင်အားစုများ၏ ပြည်သူများအပေါ် ရက်စက်စွာညှဥ်းပန်းနှိပ်စက်ခြင်းတို့ကို ချက် ချင်းရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ယနေ့သည် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာရက်စက်မှု(သို့မဟုတ်) လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာပြုကျင့်ခံရမှု(သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့ကိုဆန့်ကျင်သည့် ကုလသမဂ္ဂ သဘော တူစာချုပ် အသက်ဝင်လာသောနေ့လည်းဖြစ်ပြီး အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးရန် နိုင်ငံတကာဥပဒေတစ်ခုအဖြစ် ပေါ် ထွက်လာခဲ့သည့် ထင်ရှားသော အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ဤနိုင်ငံတကာသဘောတူ စာချုပ် သည် မြန်မာနိုင်ငံမှ ပြည်သူများကို အကာအ ကွယ်မပေးနိုင်ဘဲ အကြမ်းဖက်အာဏာလုစစ်အုပ်စုက မြန်မာပြည်သူလူထု၏ ဘဝနှင့် ဂုဏ် သိက္ခာများကို ကြိမ်ဖန်များစွာ ရက်ရက်စက် စက် ညှဉ်းပန်းနှိပ်စက် မှုများကျူးလွန်ကာ ချိုးဖောက်ဖျက်ဆီးလျက် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။