Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် စစ်ကြောရေးတွင် သေဆုံးသူ ၉၅ ဦးရှိဟု AAPP ထုတ်ပြန်

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

(အင်းစိန်​ထောင်ကို အ​ပေါ်စီးမှမြင်ရပုံ။ ဓါတ်ပုံ-Getty Images)
(အင်းစိန်​ထောင်ကို အ​ပေါ်စီးမှမြင်ရပုံ။ ဓါတ်ပုံ-Getty Images)

အကြမ်းဖက်စစ်အုပ်စု၏ ညှဥ်းပန်းနှပ်စက်သတ်ဖြတ်မှုကြောင့် စစ်ကြောရေးတွင်သေဆုံးခဲ့ရသူ ၉၅ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က ယနေ့(ဇွန် ၂၆)တွင် ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် AAPP အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်း ၁၄ ဖွဲ့ပူးပေါင်းထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

အထက်ပါအထိမ်းအမှတ်နေ့၏ ယခုနှစ်ဆောင် ပုဒ်မှာ “ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ်၊ ပြစ် ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရဓလေ့အား အ ဆုံးသတ်”ဖြစ်ပြီး စစ်အုပ်စုနှင့် အခြားလက် နက်ကိုင်အင်အားစုများ၏ ပြည်သူများအပေါ် ရက်စက်စွာညှဥ်းပန်းနှိပ်စက်ခြင်းတို့ကို ချက် ချင်းရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ယနေ့သည် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာရက်စက်မှု(သို့မဟုတ်) လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာပြုကျင့်ခံရမှု(သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့ကိုဆန့်ကျင်သည့် ကုလသမဂ္ဂ သဘော တူစာချုပ် အသက်ဝင်လာသောနေ့လည်းဖြစ်ပြီး အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးရန် နိုင်ငံတကာဥပဒေတစ်ခုအဖြစ် ပေါ် ထွက်လာခဲ့သည့် ထင်ရှားသော အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ဤနိုင်ငံတကာသဘောတူ စာချုပ် သည် မြန်မာနိုင်ငံမှ ပြည်သူများကို အကာအ ကွယ်မပေးနိုင်ဘဲ အကြမ်းဖက်အာဏာလုစစ်အုပ်စုက မြန်မာပြည်သူလူထု၏ ဘဝနှင့် ဂုဏ် သိက္ခာများကို ကြိမ်ဖန်များစွာ ရက်ရက်စက် စက် ညှဉ်းပန်းနှိပ်စက် မှုများကျူးလွန်ကာ ချိုးဖောက်ဖျက်ဆီးလျက် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။