Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုအား စောင့်ဆိုင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေ

ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။

(မင်းကင်း တပ်ရင်း - ၃နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မင်းကင်းနွေဦးတော်လှန်ရေး)
(မင်းကင်း တပ်ရင်း - ၃နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မင်းကင်းနွေဦးတော်လှန်ရေး)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများအား စောင့်ဆိုင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစဥ် အသင့်စောင့်ဆိုင်းနေသော တောင်လက်ဒေသ ပကဖ အဖွဲ့များနှင့် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)၊ တပ်ခွဲ(၂)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံး​ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။

ထို့​ကြောင့် ဘေးပတ်၀န်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

သတင်း

ငလျင်ဘေးအတွက် နိုင်ငံတကာမှ ပေးပို့သော လူသားချင်းစာနာမှူ အကူအညီများကို စစ်ကောင်စီက နိုင်ငံရေး စစ်ရေးလက်နက်အတွက် အသုံးပြုခြင်းမှကာကွယ်နိုင်ရန် "လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ်” (STOP WoA) လှုပ်ရှားမှုကို ပြုလုပ်မည်ဟု ပြည်တွင်း၊ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ခု ယနေ့ ထုတ်ပြန်ကြေညာသည်။