Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုအား စောင့်ဆိုင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေ

ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။

(မင်းကင်း တပ်ရင်း - ၃နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မင်းကင်းနွေဦးတော်လှန်ရေး)
(မင်းကင်း တပ်ရင်း - ၃နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မင်းကင်းနွေဦးတော်လှန်ရေး)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများအား စောင့်ဆိုင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစဥ် အသင့်စောင့်ဆိုင်းနေသော တောင်လက်ဒေသ ပကဖ အဖွဲ့များနှင့် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)၊ တပ်ခွဲ(၂)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံး​ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။

ထို့​ကြောင့် ဘေးပတ်၀န်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook