Connect with us

Hi, what are you looking for?

သတင်း

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံ ပညာဆရာများသမဂ္ဂမှ CDM ဆရာ၊ ဆရာမ ၂,၁၀၀ ကျော်အား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံ ပညာဆရာများသမဂ္ဂ
ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံ ပညာဆရာများသမဂ္ဂ

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ CDM ဆရာ၊ ဆရာမ ၂,၁၀၀ ကျော်အား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၉)အသိပေးထုတ်ပြန်သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်မှုမှာ ၂၀၂၁ ခုနှစ် ဒီဇင် ဘာလအတွက် ထောက်ပံ့ခဲ့ခြင်းအား ငွေစာရင်းရှင်းတမ်းထုတ်ပြန်ရာတွင် ဖော်ပြထားခြင်းဖြစ်ပြီး CDM ဆရာ၊ ဆရာမ ၂,၁၃၄ ဦးကို ထောက်ပံ့ခဲ့ကြောင်း ဖော်ပြသည်။

“ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂ ၏၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင် CDM ထောက်ပံ့ပေးမှု ငွေစာရင်း ရှင်းတမ်းကို CDM ဆရာ /မ များ ၊အလှူရှင်များ သိရှိစေရန် အတွက် တင်ပြပေးလိုက်ရပါသည် ။ နောက်ဆက်တွဲ စာရင်းဇယား များကို ထပ်မံကြေငြာ ပေးသွားပါမည်”ဟု အသိပေးသည်။

ထောက်ပံ့ငွေများပေးအပ်မှုကို လွိုင်ကော်မြို့နယ်တွင် ၆၅၄ ဦး၊ ဒီမော့ဆိုတွင် ၈၈၆ ဦး၊ ဖရူဆိုတွင် ၄၆၀ ဦး၊ မယ်စဲ့တွင် ၄၄ ဦး၊ ရှားတောတွင် ၂၈ ဦး၊ ဘောလခဲတွင် ၁၀ ဦး၊ ဖားဆောင်းတွင် ၄၂ ဦးနှင့် ဖယ်ခုံတွင် ၁၀ ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“စာရင်းရှိကတော့ အဲထက်များတယ်ရှင့်။ ပအကြိမ်၊ ဒုအကြိမ် မရလိုက်တဲ့သူတွေကို ထပ်ဖြည့်ပေးတာပါ။ CDM ထောက်ပံ့ရေး မူအရတော့ ကျန်းမာရေး အခြေအနေ အရ ပို ရရှိတာလေးတွေတော့ရှိတယ်ရှင့်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ဆရာမတစ်ဦးက ရှင်းပြသည်။

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။