Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံ ပညာဆရာများသမဂ္ဂမှ CDM ဆရာ၊ ဆရာမ ၂,၁၀၀ ကျော်အား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံ ပညာဆရာများသမဂ္ဂ
ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံ ပညာဆရာများသမဂ္ဂ

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ CDM ဆရာ၊ ဆရာမ ၂,၁၀၀ ကျော်အား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၉)အသိပေးထုတ်ပြန်သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်မှုမှာ ၂၀၂၁ ခုနှစ် ဒီဇင် ဘာလအတွက် ထောက်ပံ့ခဲ့ခြင်းအား ငွေစာရင်းရှင်းတမ်းထုတ်ပြန်ရာတွင် ဖော်ပြထားခြင်းဖြစ်ပြီး CDM ဆရာ၊ ဆရာမ ၂,၁၃၄ ဦးကို ထောက်ပံ့ခဲ့ကြောင်း ဖော်ပြသည်။

“ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂ ၏၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင် CDM ထောက်ပံ့ပေးမှု ငွေစာရင်း ရှင်းတမ်းကို CDM ဆရာ /မ များ ၊အလှူရှင်များ သိရှိစေရန် အတွက် တင်ပြပေးလိုက်ရပါသည် ။ နောက်ဆက်တွဲ စာရင်းဇယား များကို ထပ်မံကြေငြာ ပေးသွားပါမည်”ဟု အသိပေးသည်။

ထောက်ပံ့ငွေများပေးအပ်မှုကို လွိုင်ကော်မြို့နယ်တွင် ၆၅၄ ဦး၊ ဒီမော့ဆိုတွင် ၈၈၆ ဦး၊ ဖရူဆိုတွင် ၄၆၀ ဦး၊ မယ်စဲ့တွင် ၄၄ ဦး၊ ရှားတောတွင် ၂၈ ဦး၊ ဘောလခဲတွင် ၁၀ ဦး၊ ဖားဆောင်းတွင် ၄၂ ဦးနှင့် ဖယ်ခုံတွင် ၁၀ ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“စာရင်းရှိကတော့ အဲထက်များတယ်ရှင့်။ ပအကြိမ်၊ ဒုအကြိမ် မရလိုက်တဲ့သူတွေကို ထပ်ဖြည့်ပေးတာပါ။ CDM ထောက်ပံ့ရေး မူအရတော့ ကျန်းမာရေး အခြေအနေ အရ ပို ရရှိတာလေးတွေတော့ရှိတယ်ရှင့်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ဆရာမတစ်ဦးက ရှင်းပြသည်။

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

သတင်း

သန်လျင်လူငယ် ​ထောင်မှလွတ်မြောက်လာသည့် လူငယ်များစုစည်းကာ စစ်အာဏာရှင်အမြစ်ပြုတ်ရေးကို ဦးတည်ပြုလုပ်မည့် Y14 (Youths Fourteen) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ကြောင်း ကိုစန်းမင်းပိုင်က မီဒီယာအချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် အသိပေးထားသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။