Connect with us

Hi, what are you looking for?

သတင်း

တွံတေးမြို့တွင် Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

အထက်ပါ ကျုံလမုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel တာဝါတိုင်အား မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီ၏ အဓိကစီးပွားရေးထောက်တိုင်တစ်ခုဖြစ်သော Mytel ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်တစ်ခုအားတွေ့ရစဥ်(ပုံဟောင်း)
တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီ၏ အဓိကစီးပွားရေးထောက်တိုင်တစ်ခုဖြစ်သော Mytel ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်တစ်ခုအားတွေ့ရစဥ်(ပုံဟောင်း)

အကြမ်းဖက်စစ်ကောင်စီတပ်၏ အဓိကစီးပွားရေးထောက်တိုင်တစ်ခုဖြစ်သော Mytel တာဝါတိုင်တစ်ခုကို ယမန်နေ့(ဇူလိုင် ၂၇)ရက်ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးက ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နညရီ ၂၀ ခန့်က တွံတေးမြို့ ကျုံလမုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel တာဝါတိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

“Mytel ဆက်သွယ်ရေးလုပ်ငန်းမှ နေ့စဉ်အကျိုးအ မြတ်များစွာရရှိလျှက် ၎င်းငွေကြေးဖြင့် အာဏာရှင်သက်ဆိုးရှည်စေရန် အသက်ဆက်နေသဖြင့်ယခုလိုဖောက်ခွဲဖျက်ဆီးရခြင်းဖြစ်သည်” ဟု ပြောက်ကျားတပ်ဖွဲ့ – တွံတေးက အသိပေးသည်။

အထက်ပါ ကျုံလမုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel တာဝါတိုင်အား မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးသည် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များဖြစ်သော ပြည်သူ့စစ်၊ ပျူတောထီး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ စသည့် စစ်ရေးပစ်မှတ်များကို အစဥ်တဆိုက် တိုက်ခိုက်မှုများလုပ် ဆောင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည့် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆေးသည် ဓားဖြင့်ခုတ်ခံရပြီး သေဆုံးသွားသည်။