Connect with us

Hi, what are you looking for?

သတင်း

‘စမှတ်’ဇာတ်လမ်းတို ရုပ်ရှင်လက်မှတ်တစ်စောင်လျှင် ကျပ်သုံးသောင်းဖြင့် ဝယ်ယူအားပေးနိုင်ပြီ

ယင်းဇာတ်လမ်းတို ရုပ်ရှင်ကို အဆိုတော်လင်းလင်းက ဇာတ်ညွှန်း ဒါရိုက်တာ အဖြစ်တာဝန်ယူ ရိုက်ကူးထားပြီး ဒေါင်းနှင့် ချစ်သု‌ဝေတို့က ပါဝင်သရုပ်ဆောင်ထားသည်။

စမှတ်
စမှတ်

နိုင်ငံအလိုက် ငွေများဖြင့်လည်း ဝယ်ယူနိုင်ကြောင်း အသိပေးထား

တော်လှန်ရေး ရန်ပုံငွေရရှိရန် အတွက်ရိုက်ကူးထားသည့် ‘စမှတ်’ ဇာတ်လမ်းတို ရုပ်ရှင်လက်မှတ် တစ်စောင်လျှင် ကျပ်သုံးသောင်းဖြင့် ဝယ်ယူအားပေးနိုင် ကြောင်း အသိပေးထားသည်။

” “စ”မှတ် ဇာတ်လမ်းတိုအတွက် “ရုပ်ရှင်လက်မှတ်​” ရောင်းချင်ပါတယ်။ အနုပညာထုတ်ကုန်တစ်ခု နဲ့ ​တော်လှန်​ရေးအတွက် ​ငွေရှာမှာပါ.. (Premium Ticket) လက်မှတ်များ စ​တင်ရောင်းချပါပြီ။

လူတစ်ဦး​ကို (၁) စောင်ဝယ်လို့ရသလို ရန်ပုံငွေအဖြစ် များများဝယ်ချင်လည်း စိတ်ကြိုက်ဝယ်ယူ အားပေးနိုင်ပါတယ်။ “ဟု ယင်း စမှတ် ဇာတ်ကား၏ ပေ့ခ်ျ၌ ‌ဇူလိုင် ၃၁ ရက်တွင် ကြေညာထားသည်။

နိုင်ငံအလိုက် လက်မှတ်ဈေးနှုန်းများအနေဖြင့် မြန်မာငွေ ၃၀,၀၀၀ ကျပ်၊ စင်္ကာပူဒေါ်လာ ၃၀ SGD ၊အမေရိကန် ၃၀ $၊ သြစ​တြေးလျ ​ဒေါ်လာ ၃၀ $၊ကိုရီးယားဝမ် ၂၁,၀၀၀ ဝမ်၊ ဂျပန်ယမ်းငွေ ၃,၀၀၀ ယမ်း၊ ထိုင်းဘတ်ငွေ ၆၀၀ Bath၊ မကာအို ၂၄၀ MOP နှင့် United Kingdom UK ၃၀ £ တို့ သတ်မှတ်ထားပြီး စမှတ်၏ ပေ့ခ်ျ၌ ဝယ်ယူနိုင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းဇာတ်လမ်းတို ရုပ်ရှင်ကို အဆိုတော်လင်းလင်းက ဇာတ်ညွှန်း ဒါရိုက်တာ အဖြစ်တာဝန်ယူ ရိုက်ကူးထားပြီး ဒေါင်းနှင့် ချစ်သု‌ဝေတို့က ပါဝင်သရုပ်ဆောင်ထားသည်။

“ပြိုကျ​နေတဲ့စိတ်ကို ဆွဲထူမပြီး လုပ်လက်စ အနုပညာတစ်ခုကို တလရ အတွက် ​ငွေရှာဖို့ စီစဥ်လိုက်တယ်.။”စ” မှတ် ကင်မရာ​ရှေ့ dialouge​ ​တွေမ​ပြောဖြစ်တာ ၈နှစ်​ကျော်ကြာခဲ့တဲ့ Treza,,,, ” စ” မှတ် ကို ​သက်ဝင်ခဲ့ရတယ်.. ဆု​တောင်း​တွေ စကား​လုံး​တွေ ထပ် အလုပ်​တွေနဲ့သာ တလရ ကို အချိန်နဲ့အမျှ ရုန်းမယ်လို့ ဆုံးဖြတ်ထားတယ်။” ဟု ယင်းဇာတ်ကားနှင့်ပတ်သက်၍ ချစ်သုဝေက ရေးသားထားသည်။

လက်မှတ်ဝယ်ယူထားသူများ အနေဖြင့် ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ဩဂုတ် ၈ရက် နံနက် ၈ နာရီတွင် ကြည့်ရှု့ခွင့်ရရှိမည် ဖြစ်သည်။

“စမှတ်‌ဇာတ်ကားလေး အများကြီး မပြန့်ကြဖို့ ဟိုဟိုဒီဒီ မဖြစ်ကြဖို့လည်း ကျွန်တော်တို့ မိသားစုတွေ တစ်ယောက်နဲ့တစ်‌ယောက်ထိန်းသိမ်းပြီး စောင့်ရှောက်ပေးပါ”ဟု ယင်းဇာတ်ကားပြသပြီးချိန်၌ ကြုံရနိုင်သည့်အချက်ကို လင်းလင်းက မေတ္တာရပ်ခံထားသည်။

လက်မှတ်စတင်ရောင်းချကြောင်း ကြေညာပြီး မိနစ်ပိုင်းအတွင်း ဝယ်ယူသူများပြားသောကြောင့် ယင်းပေ့ခ်ျ၏ Messenger တွင် Error တတ်ခဲ့၍ ချစ်သုဝေ၏ m.me/TMacrameFamily ပေ့ခ်ျ၌ ဝယ်ယူပေးရန်လည်း အသိပေးထားသည်။

တော်လှန်ရေးကာလအတွင်း ပြည့်သူ့ဘက်‌‌မှရပ်တည် နေသည့်အနုပညာရှင် များက ရန်ပုံ‌ငွေရရှိရန်အတွက် ဇာတ်ကားများ ရိုက်ကူးကာ ယူကျူ့ချန်နယ် များ၌ တင်၍ ရန်ပုံငွေရှာပေးခဲ့ပြီး ပရိသတ် အားပေးမှုလည်း အများအပြား ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။