Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘စမှတ်’ဇာတ်လမ်းတို ရုပ်ရှင်လက်မှတ်တစ်စောင်လျှင် ကျပ်သုံးသောင်းဖြင့် ဝယ်ယူအားပေးနိုင်ပြီ

ယင်းဇာတ်လမ်းတို ရုပ်ရှင်ကို အဆိုတော်လင်းလင်းက ဇာတ်ညွှန်း ဒါရိုက်တာ အဖြစ်တာဝန်ယူ ရိုက်ကူးထားပြီး ဒေါင်းနှင့် ချစ်သု‌ဝေတို့က ပါဝင်သရုပ်ဆောင်ထားသည်။

စမှတ်
စမှတ်

နိုင်ငံအလိုက် ငွေများဖြင့်လည်း ဝယ်ယူနိုင်ကြောင်း အသိပေးထား

တော်လှန်ရေး ရန်ပုံငွေရရှိရန် အတွက်ရိုက်ကူးထားသည့် ‘စမှတ်’ ဇာတ်လမ်းတို ရုပ်ရှင်လက်မှတ် တစ်စောင်လျှင် ကျပ်သုံးသောင်းဖြင့် ဝယ်ယူအားပေးနိုင် ကြောင်း အသိပေးထားသည်။

” “စ”မှတ် ဇာတ်လမ်းတိုအတွက် “ရုပ်ရှင်လက်မှတ်​” ရောင်းချင်ပါတယ်။ အနုပညာထုတ်ကုန်တစ်ခု နဲ့ ​တော်လှန်​ရေးအတွက် ​ငွေရှာမှာပါ.. (Premium Ticket) လက်မှတ်များ စ​တင်ရောင်းချပါပြီ။

လူတစ်ဦး​ကို (၁) စောင်ဝယ်လို့ရသလို ရန်ပုံငွေအဖြစ် များများဝယ်ချင်လည်း စိတ်ကြိုက်ဝယ်ယူ အားပေးနိုင်ပါတယ်။ “ဟု ယင်း စမှတ် ဇာတ်ကား၏ ပေ့ခ်ျ၌ ‌ဇူလိုင် ၃၁ ရက်တွင် ကြေညာထားသည်။

နိုင်ငံအလိုက် လက်မှတ်ဈေးနှုန်းများအနေဖြင့် မြန်မာငွေ ၃၀,၀၀၀ ကျပ်၊ စင်္ကာပူဒေါ်လာ ၃၀ SGD ၊အမေရိကန် ၃၀ $၊ သြစ​တြေးလျ ​ဒေါ်လာ ၃၀ $၊ကိုရီးယားဝမ် ၂၁,၀၀၀ ဝမ်၊ ဂျပန်ယမ်းငွေ ၃,၀၀၀ ယမ်း၊ ထိုင်းဘတ်ငွေ ၆၀၀ Bath၊ မကာအို ၂၄၀ MOP နှင့် United Kingdom UK ၃၀ £ တို့ သတ်မှတ်ထားပြီး စမှတ်၏ ပေ့ခ်ျ၌ ဝယ်ယူနိုင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းဇာတ်လမ်းတို ရုပ်ရှင်ကို အဆိုတော်လင်းလင်းက ဇာတ်ညွှန်း ဒါရိုက်တာ အဖြစ်တာဝန်ယူ ရိုက်ကူးထားပြီး ဒေါင်းနှင့် ချစ်သု‌ဝေတို့က ပါဝင်သရုပ်ဆောင်ထားသည်။

“ပြိုကျ​နေတဲ့စိတ်ကို ဆွဲထူမပြီး လုပ်လက်စ အနုပညာတစ်ခုကို တလရ အတွက် ​ငွေရှာဖို့ စီစဥ်လိုက်တယ်.။”စ” မှတ် ကင်မရာ​ရှေ့ dialouge​ ​တွေမ​ပြောဖြစ်တာ ၈နှစ်​ကျော်ကြာခဲ့တဲ့ Treza,,,, ” စ” မှတ် ကို ​သက်ဝင်ခဲ့ရတယ်.. ဆု​တောင်း​တွေ စကား​လုံး​တွေ ထပ် အလုပ်​တွေနဲ့သာ တလရ ကို အချိန်နဲ့အမျှ ရုန်းမယ်လို့ ဆုံးဖြတ်ထားတယ်။” ဟု ယင်းဇာတ်ကားနှင့်ပတ်သက်၍ ချစ်သုဝေက ရေးသားထားသည်။

လက်မှတ်ဝယ်ယူထားသူများ အနေဖြင့် ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ဩဂုတ် ၈ရက် နံနက် ၈ နာရီတွင် ကြည့်ရှု့ခွင့်ရရှိမည် ဖြစ်သည်။

“စမှတ်‌ဇာတ်ကားလေး အများကြီး မပြန့်ကြဖို့ ဟိုဟိုဒီဒီ မဖြစ်ကြဖို့လည်း ကျွန်တော်တို့ မိသားစုတွေ တစ်ယောက်နဲ့တစ်‌ယောက်ထိန်းသိမ်းပြီး စောင့်ရှောက်ပေးပါ”ဟု ယင်းဇာတ်ကားပြသပြီးချိန်၌ ကြုံရနိုင်သည့်အချက်ကို လင်းလင်းက မေတ္တာရပ်ခံထားသည်။

လက်မှတ်စတင်ရောင်းချကြောင်း ကြေညာပြီး မိနစ်ပိုင်းအတွင်း ဝယ်ယူသူများပြားသောကြောင့် ယင်းပေ့ခ်ျ၏ Messenger တွင် Error တတ်ခဲ့၍ ချစ်သုဝေ၏ m.me/TMacrameFamily ပေ့ခ်ျ၌ ဝယ်ယူပေးရန်လည်း အသိပေးထားသည်။

တော်လှန်ရေးကာလအတွင်း ပြည့်သူ့ဘက်‌‌မှရပ်တည် နေသည့်အနုပညာရှင် များက ရန်ပုံ‌ငွေရရှိရန်အတွက် ဇာတ်ကားများ ရိုက်ကူးကာ ယူကျူ့ချန်နယ် များ၌ တင်၍ ရန်ပုံငွေရှာပေးခဲ့ပြီး ပရိသတ် အားပေးမှုလည်း အများအပြား ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယင်းဇာတ်ကားသည် CDM စစ်ဗိုလ်တစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ပြသခဲ့သည့် ရုပ်ရှင်ဖြစ်သည်။

သတင်း

အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုတွေကိုလည်း Everything Everywhere All at Once ဇာတ်ကားက သရုပ်ဆောင်တွေပဲဖြစ်တဲ့ ကီဟွိုင်ကွမ်နဲ့ ဂျေမလီ ကားတစ်တို့က အသီးသီး ဆွတ်ခူးသွားတာ တွေ့ရပါတယ်။

သတင်း

ဖေဖော်ဝါရီ လအတွင်း၌ ဂျပန်၊ အမေရိကန်၊ နယ်သာလန်၊ ကနေဒါ၊ ဆွီဒင်နှင့် ဂျမေကာ နိုင်ငံတို့၌ ရုံတင်ပြသခဲ့ပြီး ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီမှစတင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၄၈ နာရီအကြာတွင် အလိုအလျောက်ပိတ်သွားမည်ဟု ကြေညာထားသည်။