Connect with us

Hi, what are you looking for?

သတင်း

‘စမှတ်’ ရုပ်ရှင် ပထမဆုံးပွဲစဥ်လက်မှတ်ရောင်းချမှု ဩဂုတ် ၆ရက် နေ့လည် ၁၂နာရီ ရောင်းချမှုပိတ်မည်

ယင်းဇာတ်ကားလက်မှတ်ဝယ်ယူထားသူများအနေဖြင့် ဩဂုတ် ၈ ရက် နံနက် ၈ နာရီတွင် ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပြီး လက်မှတ်မရရှိ‌သေးသည့်သူများအတွက် လက်မှတ်များပြန်လည်ရောင်းချ ပေးကာ ပွဲချိန်အသစ်အနေဖြင့် ထပ်မံပြသပေးမည်ဖြစ်သည်။

'စမှတ်' ဇာတ်လမ်းတို ရုပ်ရှင်
'စမှတ်' ဇာတ်လမ်းတို ရုပ်ရှင်

‘စမှတ်’ ဇာတ်လမ်းတို ရုပ်ရှင် ပထမဆုံးပွဲစဉ်အတွက် လက်မှတ်ရောင်းချမှုကို ဩဂုတ် ၆ ရက် နေ့လည် ၁၂ နာရီတွင် ရောင်းချမှုပိတ်မည်ဟု အသိပေးထား သည်။

“”စ” မှတ် ရုပ်ရှင်ဇာတ်လမ်းတို လက်မှတ်ရောင်းချမှုကို August 6th ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်-၁၂ နာရီတိတိတွင် ရောင်းချမှု ခေတ္တပိတ်ပါမယ် ခင်မျာ။ ဝယ်ယူထားပြီးသော မိသားစုများ အဆင်ပြေစွာ ကြည့်ရှုနိုင်စေရန် အတွက် ပြင်ဆင်ရမယ့်အချိန်ဟာ မှန်းဆထားတာထပ် ပိုမိုလိုအပ်ပါသော ကြောင့် နားလည်ပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံပါတယ်။”ဟု စမှတ် ၏ပေ့ခ်ျ၌ ကြေညာထားသည်။

ယင်းဇာတ်ကားလက်မှတ်ဝယ်ယူထားသူများအနေဖြင့် ဩဂုတ် ၈ ရက် နံနက် ၈ နာရီတွင် ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပြီး လက်မှတ်မရရှိ‌သေးသည့်သူများအတွက် လက်မှတ်များပြန်လည်ရောင်းချ ပေးကာ ပွဲချိန်အသစ်အနေဖြင့် ထပ်မံပြသပေးမည်ဖြစ်သည်။

စမှတ် ဇာတ်လမ်းတိုရုပ်ရှင်ကို အဆိုတော် လင်းလင်းက ဇာတ်ညွှန်း၊ ဒါရိုက်တာ အဖြစ်တာဝန်ယူ ရိုက်ကူးထားပြီး သရုပ်ဆောင် ဒေါင်း နှင့်ချစ်သုဝေတို့က အဓိကပါဝင်သရုပ်ဆောင်ထားသည်။

Public Service Announcement

Public Service Announcement

ယင်းဇာတ်ကားအတွက် လက်မှတ်တစ်စောင်လျှင် ‌ကျပ်သုံးသောင်း သတ်မှတ် ထားပြီး ပြည်ပနိုင်ငံများအတွက်လည်း သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် ဝယ်ယူကြည့်ရှုနိုင်မည် ဖြစ်သည်။

လက်မှတ်များကို ဇူလိုင် ၃၁ ရက် ညပိုင်းတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်မှတ်ဝယ်ယူ သူများပြားသောကြောင့် စမှတ် ပေ့ခ်ျ၏ မက်ဆန်ဂျာ Error တတ်ခဲ့၍ ချစ်သုဝေ၏ Treza’s Macrame Family ပေ့ခ်ျ၌ ရောင်းချခဲ့ရသည်။

လက်မှတ်များကို Treza’s Macrame Family ပေ့ခ်ျတစ်ခုတည်း၌ ရောင်းချခဲ့ခြင်းဖြစ်ပြီး လိမ်လည်၍ လက်မှတ်ရောင်းချမှုများရှိသောကြောင့် လိမ်လည်ရောင်းချနေသူများ၏ ပေ့ခ်ျများ ၊ အကောင့်များကို ဓာတ်ပုံရိုက်၍ စမှတ်ပေ့ခ်ျ၌ ကြေညာပေးထားသည်။

ရုပ်ရှင်လက်မှတ် ၅၀၀ ခန့်ရောင်းချရမည်ဟု မှန်းထားခဲ့သော်လည်း ထင်ထားသည်ထက် လက်မှတ်ဝယ်ယူသူများပြားခဲ့သောကြောင့် မနိုင်မနင်း ဖြစ်ခဲ့ရကြောင်းနှင့် လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်အတွက် ဝယ်ယူရမည့် ပုံစံကို ချစ်သုဝေက Live လွှင့်၍ ပြောကြားခဲ့သည်။

ယင်းဇာတ်ကားမှ ရရှိလာသည့် ငွေကြေးများကို တော်လှန်ရေးအတွက် အသုံးပြုမည်ဖြစ်ပြီး တော်လှန်ရေးအတွက် ငွေအများအပြားလိုသောကြောင့် အားပေးကြရန် လင်းလင်းက မေတ္တာရပ်ခံထားသည်။

ထို့ပြင် ဇာတ်ကားပြသပြီးချိန်၌ လူမှူကွန်ရက်တွင် ပြန့်နှံ့ခြင်းမဖြစ်စေရန် အချင်းချင်းကူညီပေးစေလိုကြောင်း လင်းလင်းက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။