Connect with us

Hi, what are you looking for?

သတင်း

မြန်အောင်တွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးကို ပစ်ခတ်ရှင်းလင်း

မြန်အောင်မြို့၊ ကညင်ငူကျေးရွာမှ မသန္တာဆိုသူကို ယမန်နေ့ (ဩဂုတ် ၆ရက်)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ရိုးမဧရာဝတီနှင့် နဂါးနီတော်လှန်ရေးပူပေါင်းအဖွဲ့က ထုတ်ပြန်သည်။

မြန်အောင်မြို့
မြန်အောင်မြို့

ဧရာဝတီတိုင်း၊ မြန်အောင်မြို့တွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်သည်။

မြန်အောင်မြို့၊ ကညင်ငူကျေးရွာမှ မသန္တာဆိုသူကို ယမန်နေ့ (ဩဂုတ် ၆ရက်)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ရိုးမဧရာဝတီနှင့် နဂါးနီတော်လှန်ရေးပူပေါင်းအဖွဲ့က ထုတ်ပြန်သည်။

“အဲအမျိုးသမီး(မသန္တာ)က စစ်ကောင်စီနဲ့ တော်တော် လေး အတွဲညီတယ်။ စစ်တပ်က မွေးထားတာ။ ပျူစောထီးအဖွဲ့ဖွဲ့မယ်ဆိုတော့လည်း သူပါတယ်။ အခုတော့ ရှင်းလင်းခံလိုက်ရပြီ”ဟု ကညင်ငူကျေးရွာဒေသခံတစ်ဦးက ပြောသည်။

မသန္တာသည် ကားလက်မှတ်ရောင်းသည့် အလုပ်လုပ်ပြီး သူ၏ဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်အောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ စီးပွါးရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ထောက်တိုင်များအား တိုက်ခိုက်သုတ်သင်သွားမည်ဖြစ်ကြောင်း နဂါးနီတော်လှန်ရေးတပ်ဖွဲ့မှ ဇူလိုင် ၂၃ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီပစ်မှတ်များနှင့် ဝေးဝေးနေရန် တိုက်တွန်းထားပြီး စစ်ဆင်ရေးများအား မည်သည့်အကြောင်းနှင့်မျှ ပယ်ဖျက်လိမ့်မည် မဟုတ်ကြောင်း သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook