Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်ထွေအုပ်ရုံးကို PDF ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးသေဟု ထုတ်ပြန်

Banmauk Revolution-BRကမူ ” ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားသည်ဟု သတင်းရရှိထားကြောင်း ထုတ်ပြန်ထားသည်။ People’s Spring အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ဗန်းမောက်ထွေအုပ်ရုံးကို PDF ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးသေဟု ထုတ်ပြန်
ဗန်းမောက်ထွေအုပ်ရုံးကို PDF ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးသေဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးကျော် မင်းဟန်ဆိုသူ နေရာတွင် သေဆုံးသွား ကြောင်း Banmauk Revolution က ဖော်ပြသည်။

ယနေ့(ဩဂုတ် ၁၂ရက်) နံနက် ၉နာရီတွင် ဗန်းမောက် ပြည်သူ့ကာကွယ်ရေး တပ်(PDF)နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဟု ဖော်ပြထားသည်။

“ဗိုလ်မှူးကျော်မင်းဟန် သေနတ်ကျည်ထိသွားတယ်။ ဆေးရုံမှာတော့ တော်တော်ရေး အုံးအုံး ကျက်ကျက်ဖြစ်နေတယ်။ ဘယ်ဝန်ထမ်းကိုမှ ဖုန်းပေးမကိုင်တော့ဘူးလို့ သိရတယ်”ဟု ဗန်းမောက်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- ဗန်းမောက်ပကဖတာဝန်ခံက People’s Spring သို့ပြောသည်။ ယနေ့ နေ့လည် နှစ်နာရီ မိနစ် ၂၀ ရရှိသော သတင်းကို ဗန်းမောက် (ပကဖ) တာဝန်ခံက ပြော​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Banmauk Revolution-BRကမူ ” ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားသည်ဟု သတင်းရရှိထားကြောင်း ထုတ်ပြန်ထားသည်။ People’s Spring အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

” စစ်ကောင်စီဘက်က ဗိုလ်မှူးသေတယ်လို့ ကြားလို့ မြို့ခံတွေလည်း နားစွင့်နေကြတယ်” ဟု ဗန်းမောက်မြို့ခံတစ်ဦးက ပြောသည်။

ဒလန်ရှင်းလင်းရေး မစ်ရှင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း အမျိုးသမီးတစ်ဦး က ရှေ့ဆက်မသွားရန် တားမြစ်ချက်ကို မလိုက်နာ၍ သေနတ်ဖောက်တားမြစ် ခဲ့ရကြောင်း၊ အချို့သော ဒလန်ရှင်း မစ်ရှင်အချို့ကို ဖျက်သိမ်းလိုက်ရကြောင်း အသိပေးခဲ့ပြီး ပြည်သူများအနေဖြင့် ဒေသကာကွယ်ရေးမှ ထုတ်ပြန်သော ကြေညာချက်များ၊ တားမြစ်လျက်များကို အထူးဂရုပြု လိုက်နာပေးကြရန် ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook