Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတွင် PDFအဖွဲ့အမည်များအသုံးပြုကာ ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေ

စစ်ကိုင်းတိုင်းတွင် ရွှေဘိုခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အများအပြားဖွဲ့စည်းကာ စစ်ကောင်စီအား တော်လှန်နေကြသည်။

(ရွှေဘိုမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-SKL/ Myanmar Skylines)
(ရွှေဘိုမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-SKL/ Myanmar Skylines)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် မသမာသူများက PDFအဖွဲ့အမည်များအား အလွဲသုံးစားလုပ်ကာ ဒေသခံပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းခံနေကြောင်း နတ်တောင်နဂါး(ပ.က.ဖ)ပြောက် ကျားတပ်ဖွဲ့က ပြောသည်။

ယခုကာလအတွင်း မသမာသူတချို့သည် တော်လှန်ရေးအဖွဲ့အစည်း အမည်များကို အလွဲသုံးစားပြုလုပ်ကာ ရွှေဘိုမြို့ပေါ်ရှိ အရပ်သားပြည်သူများထံ ခြိမ်းခြောက်ငွေညှစ်သော စာများ ဖြန့်ဝေနေသည်ဟု နတ်တောင်နဂါး (ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့က ယနေ့(သြဂုတ်၁၄ရက်) တွင် စာထုတ်ပြန် သတိပေးသည်။

နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ကိုလည်း အသုံးပြုနေပြီး09-673062964 ဖုန်းနံပါတ်ဖြင့် မက်ဆေ့ပို့ကာ ခြိမ်းခြောက် ငွေညှစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ နတ်တောင်နဂါး (ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စနေက “ဤဖြစ်စဉ်နဲ့ပါတ်သက်လို့ ကျွန်တော်တို့ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြည်သူများအပေါ် မည်သည့်နည်းလမ်းမျိုးနှင့်မှ စော်ကားကျူးလွန် ပြုမူခဲ့တာမျိုး တစ်စုံတရာ မလုပ်ခဲ့ပါကြောင်းနဲ့ ခြိမ်းခြောက်ငွေညှစ်တောင်းခံနေခြင်းမှာ ကျွန်ုပ်တို့အဖွဲ့အစည်းနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်။ မသမာသူများကို စုံစမ်းဖော်ထုတ်ပြီး အပြီးတိုင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူများအား ကတိပေးပါတယ်” ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မန္တလေးတိုင်း မိုးကုတ်မြို့နှင့် မကွေးတိုင်း ရေစကြိုမြို့များတွင် PDF အဖွဲ့အမည်များအသုံးချကာ ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းခံမှုများ ဖြစ်ပွားခဲ့သေးသည်။

စစ်ကိုင်းတိုင်းတွင် ရွှေဘိုခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အများအပြားဖွဲ့စည်းကာ စစ်ကောင်စီအား တော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။