Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် PDFအဖွဲ့အမည်များအသုံးပြုကာ ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေ

စစ်ကိုင်းတိုင်းတွင် ရွှေဘိုခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အများအပြားဖွဲ့စည်းကာ စစ်ကောင်စီအား တော်လှန်နေကြသည်။

(ရွှေဘိုမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-SKL/ Myanmar Skylines)
(ရွှေဘိုမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-SKL/ Myanmar Skylines)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် မသမာသူများက PDFအဖွဲ့အမည်များအား အလွဲသုံးစားလုပ်ကာ ဒေသခံပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းခံနေကြောင်း နတ်တောင်နဂါး(ပ.က.ဖ)ပြောက် ကျားတပ်ဖွဲ့က ပြောသည်။

ယခုကာလအတွင်း မသမာသူတချို့သည် တော်လှန်ရေးအဖွဲ့အစည်း အမည်များကို အလွဲသုံးစားပြုလုပ်ကာ ရွှေဘိုမြို့ပေါ်ရှိ အရပ်သားပြည်သူများထံ ခြိမ်းခြောက်ငွေညှစ်သော စာများ ဖြန့်ဝေနေသည်ဟု နတ်တောင်နဂါး (ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့က ယနေ့(သြဂုတ်၁၄ရက်) တွင် စာထုတ်ပြန် သတိပေးသည်။

နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ကိုလည်း အသုံးပြုနေပြီး09-673062964 ဖုန်းနံပါတ်ဖြင့် မက်ဆေ့ပို့ကာ ခြိမ်းခြောက် ငွေညှစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ နတ်တောင်နဂါး (ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စနေက “ဤဖြစ်စဉ်နဲ့ပါတ်သက်လို့ ကျွန်တော်တို့ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြည်သူများအပေါ် မည်သည့်နည်းလမ်းမျိုးနှင့်မှ စော်ကားကျူးလွန် ပြုမူခဲ့တာမျိုး တစ်စုံတရာ မလုပ်ခဲ့ပါကြောင်းနဲ့ ခြိမ်းခြောက်ငွေညှစ်တောင်းခံနေခြင်းမှာ ကျွန်ုပ်တို့အဖွဲ့အစည်းနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်။ မသမာသူများကို စုံစမ်းဖော်ထုတ်ပြီး အပြီးတိုင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူများအား ကတိပေးပါတယ်” ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မန္တလေးတိုင်း မိုးကုတ်မြို့နှင့် မကွေးတိုင်း ရေစကြိုမြို့များတွင် PDF အဖွဲ့အမည်များအသုံးချကာ ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းခံမှုများ ဖြစ်ပွားခဲ့သေးသည်။

စစ်ကိုင်းတိုင်းတွင် ရွှေဘိုခရိုင်သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အများအပြားဖွဲ့စည်းကာ စစ်ကောင်စီအား တော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook