Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် ယာယီစျေးသို့လာသည့် ပျူအဖွဲ့ပစ်ခတ်ခံရ၊ စစ်အုပ်စု စျေးကို မီးရှို့သွား

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့ ယာယီဘောလုံးကွင်းစျေးအား စစ်ကောင်စီတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးသွားစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းပေါင်းစုံ မီဒီယာ
ရေစကြိုမြို့ ယာယီဘောလုံးကွင်းစျေးအား စစ်ကောင်စီတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးသွားစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းပေါင်းစုံ မီဒီယာ

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ယာယီစျေးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ် ၂၉ ရက်) နံနက်ပိုင်းက ရေစကြိုမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ဘောလုံးကွင်င်း (ယာယီ)ပျံကျစျေးသို့ ပျူစောထီးအဖွဲ့ လာရောက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပျူစောထီးများသည် ဆင်ချောင်းရွာ စိုးမောင်၏ လူယုံတော်၊ ပေါက်တောရွာသား ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် ပျူစောထီး ၆ ဦး​ တို့ဖြစ်ကြောင်း ရေစကြိုသတင်းပေါင်းစုံက ဖော်ပြသည်။

ရေစကြိုမြို့ ယာယီဘောလုံးကွင်းစျေးအား စစ်ကောင်စီတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးသွားစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းပေါင်းစုံ မီဒီယာ
ရေစကြိုမြို့ ယာယီဘောလုံးကွင်းစျေးအား စစ်ကောင်စီတပ်နှင့် ပျူများက မီးရှို့ဖျက်ဆီးသွားစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းပေါင်းစုံ မီဒီယာ

ခြောက်ဦးလုံးသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါပျူအဖွဲ့အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မည်သည့်အဖွဲ့ကမျှ ယနေ့ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထပ်မံရောက်ရှိလာခဲ့ပြီး စျေးသည်များလည်း ထွက်ပြေးသွားခဲ့ရာ ပျံကျစျေးရှိ စျေးသ​ည်များ၏ ကုန်ပစ္စည်းများအား နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် နံနက် ၁၀နာရီခန့်တွင် ရေစကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသို့ အနောက်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။