Connect with us

Hi, what are you looking for?

သတင်း

ကုန်ပစ္စည်းနှင့်ငွေအမြောက်အများသယ်လာသည့် ယာဥ်ကို​စစ်​ဆေးပြီး ပြည်သူ​ပိုင်​ငွေများဖြစ်၍ ပိုင်ရှင်ထံလွှဲပြောင်းပေးခဲ့ဟု တမူးPDF​ အသိပေး

ယာဥ်ပေါ်ပါကုန်ပစ္စည်းများအပါအဝင် ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ကျွေးမွေးစစ်ဆေး၍ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ဓာတ်ပုံ - People's Defense Force - Tamu တပ်ရင်း - ၁
ဓာတ်ပုံ - People's Defense Force - Tamu တပ်ရင်း - ၁

ကုန်ပစ္စည်းနှင့် ငွေကြေးအမြောက်အမြားသယ်ဆောင်လာသည့်ယာဥ်ကို မသင်္ကာ၍ ပြည်သူလူထုပိုင် ပစ္စည်းနှင့်​ငွေများ ဟုတ်၊မဟုတ်စစ်ဆေးပြီးနောက် ပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း PDF(တမူး)က ထုတ်ပြန်သည်။

PDF(တမူး)တပ်ရင်း(၁) သည် ဩဂုတ် ၂၉ ရက်တွင် တမူး – အောင်ဇေျလမ်းပိုင်း၌ နယ်မြေလုံခြုံရေးနှင့် ယာဥ်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်းကားတစ်စီးသည် မသင်္ကာဖွယ်ရာကုန်ပစ္စည်းများနှင့် ကျပ်ငွေ အမြောက်အမြား စစ်ဆေးတွေ့ရှိသဖြင့် ယာဉ်မောင်းနှင့်ယာဉ်ကို ခေတ္တသိမ်းဆည်းခဲ့သည်ဟု​ ဖော်ပြထားသည်။

ကုန်ပစ္စည်းနှင့်ငွေကြေးပိုင်ရှင်များ၏ နောက်ကြောင်းကို သေချာစုံစမ်းစစ်ဆေးရာတွင် ပြည်သူလူထုပိုင်ဆိုင်သည့် ​ငွေနှင့် ပစ္စည်းများဖြစ်၍ ဩဂုတ် ၃၀ရက်တွင် ပိုင်ရှင်ထံ စာရင်းမှတ်တမ်းအတိုင်း ပြန်လည်လွှဲပြောင်းပေးခဲ့​ကြောင်း အသိ​ပေးသည်။

ယာဥ်ပေါ်ပါကုန်ပစ္စည်းများအပါအဝင် ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ကျွေးမွေးစစ်ဆေး၍ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တမူး-အောင်ဇေယျလမ်းပိုင်းကို စောင့်ကြည့် စစ်ဆေးလျှက်ရှိပြီး စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ၊ ၎င်းတို့လက်ပါးစေ ကုန်ပစ္စည်းများ၊ ရိက္ခာနှင့်ငွေကြေးများ စစ်ဆေးတွေ့ရှိပါက တော်လှန်ရေးအတွက် လိုအပ်သလို အသုံးပြုရန်သိမ်းဆည်းသွားမည်ဟုလည်း PDF(တမူး)ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။