Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်ပစ္စည်းနှင့်ငွေအမြောက်အများသယ်လာသည့် ယာဥ်ကို​စစ်​ဆေးပြီး ပြည်သူ​ပိုင်​ငွေများဖြစ်၍ ပိုင်ရှင်ထံလွှဲပြောင်းပေးခဲ့ဟု တမူးPDF​ အသိပေး

ယာဥ်ပေါ်ပါကုန်ပစ္စည်းများအပါအဝင် ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ကျွေးမွေးစစ်ဆေး၍ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ဓာတ်ပုံ - People's Defense Force - Tamu တပ်ရင်း - ၁
ဓာတ်ပုံ - People's Defense Force - Tamu တပ်ရင်း - ၁

ကုန်ပစ္စည်းနှင့် ငွေကြေးအမြောက်အမြားသယ်ဆောင်လာသည့်ယာဥ်ကို မသင်္ကာ၍ ပြည်သူလူထုပိုင် ပစ္စည်းနှင့်​ငွေများ ဟုတ်၊မဟုတ်စစ်ဆေးပြီးနောက် ပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း PDF(တမူး)က ထုတ်ပြန်သည်။

PDF(တမူး)တပ်ရင်း(၁) သည် ဩဂုတ် ၂၉ ရက်တွင် တမူး – အောင်ဇေျလမ်းပိုင်း၌ နယ်မြေလုံခြုံရေးနှင့် ယာဥ်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်းကားတစ်စီးသည် မသင်္ကာဖွယ်ရာကုန်ပစ္စည်းများနှင့် ကျပ်ငွေ အမြောက်အမြား စစ်ဆေးတွေ့ရှိသဖြင့် ယာဉ်မောင်းနှင့်ယာဉ်ကို ခေတ္တသိမ်းဆည်းခဲ့သည်ဟု​ ဖော်ပြထားသည်။

ကုန်ပစ္စည်းနှင့်ငွေကြေးပိုင်ရှင်များ၏ နောက်ကြောင်းကို သေချာစုံစမ်းစစ်ဆေးရာတွင် ပြည်သူလူထုပိုင်ဆိုင်သည့် ​ငွေနှင့် ပစ္စည်းများဖြစ်၍ ဩဂုတ် ၃၀ရက်တွင် ပိုင်ရှင်ထံ စာရင်းမှတ်တမ်းအတိုင်း ပြန်လည်လွှဲပြောင်းပေးခဲ့​ကြောင်း အသိ​ပေးသည်။

ယာဥ်ပေါ်ပါကုန်ပစ္စည်းများအပါအဝင် ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ကျွေးမွေးစစ်ဆေး၍ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တမူး-အောင်ဇေယျလမ်းပိုင်းကို စောင့်ကြည့် စစ်ဆေးလျှက်ရှိပြီး စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ၊ ၎င်းတို့လက်ပါးစေ ကုန်ပစ္စည်းများ၊ ရိက္ခာနှင့်ငွေကြေးများ စစ်ဆေးတွေ့ရှိပါက တော်လှန်ရေးအတွက် လိုအပ်သလို အသုံးပြုရန်သိမ်းဆည်းသွားမည်ဟုလည်း PDF(တမူး)ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။