Connect with us

Hi, what are you looking for?

သတင်း

ညာမူတွင် (၇၄)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ပြုလုပ်

ကရင်နီအမျိုးသား‌ တော်လှန်ရေးဖခင် ဦးဘီတူရီ ကျဆုံးသည့်နေ့ကိုအစွဲပြု၍ ကရင်နီလူထု တစ်ရပ်လုံးမှ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ပြီး ယနေ့ (၇၄)နှစ်‌ မြောက်တိုင် ရှိပြီဖြစ်သည်။

ဓာတ်ပုံ - KA
ဓာတ်ပုံ - KA

(၇၄)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို တလယ်ဒူဆို(ခေါ်)ညာမိုတွင် ကျင်းပခဲ့ကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။

ယနေ့ (စက်တာဘာ ၈ရက်) ကျရောက်သည့် နှစ်(၇၄)ပြည့် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီထိန်းချုပ်ရာနယ်မြေဖြစ်သည့် တလယ်ဒူဆို (ခေါ်)ညာမိုတွင် နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ပြီး အခမ်းအနားသို့ ကရင်နီထိပ်ပိုင်း ခေါင်းဆောင်များအပါအဝင် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တပ်ဗိုလ်၊တပ်မှူးများ တက်ရောက်ခဲ့ကြကြောင်း အသိပေးထားသည်။

အခမ်းအနားတွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင့် ၊ပေးပို့လာသည့် သဝဏ်လွှာများဖတ်ကြားခြင်း၊ လွမ်းသူ့ပန်း‌ခွေချခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် လွိုင်ကော်မြို့တွင်လည်း ကရင်နီအာဇာနည်နေ့ ပြုလုပ်ခဲ့ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ လွိုင်ကော် PDFနှင့် အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ပြည်သူများတက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီအမျိုးသား‌ တော်လှန်ရေးဖခင် ဦးဘီတူရီ ကျဆုံးသည့်နေ့ကိုအစွဲပြု၍ ကရင်နီလူထု တစ်ရပ်လုံးမှ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ပြီး ယနေ့ (၇၄)နှစ်‌ မြောက်တိုင် ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။