Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညာမူတွင် (၇၄)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ပြုလုပ်

ကရင်နီအမျိုးသား‌ တော်လှန်ရေးဖခင် ဦးဘီတူရီ ကျဆုံးသည့်နေ့ကိုအစွဲပြု၍ ကရင်နီလူထု တစ်ရပ်လုံးမှ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ပြီး ယနေ့ (၇၄)နှစ်‌ မြောက်တိုင် ရှိပြီဖြစ်သည်။

ဓာတ်ပုံ - KA
ဓာတ်ပုံ - KA

(၇၄)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို တလယ်ဒူဆို(ခေါ်)ညာမိုတွင် ကျင်းပခဲ့ကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။

ယနေ့ (စက်တာဘာ ၈ရက်) ကျရောက်သည့် နှစ်(၇၄)ပြည့် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီထိန်းချုပ်ရာနယ်မြေဖြစ်သည့် တလယ်ဒူဆို (ခေါ်)ညာမိုတွင် နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ပြီး အခမ်းအနားသို့ ကရင်နီထိပ်ပိုင်း ခေါင်းဆောင်များအပါအဝင် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တပ်ဗိုလ်၊တပ်မှူးများ တက်ရောက်ခဲ့ကြကြောင်း အသိပေးထားသည်။

အခမ်းအနားတွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင့် ၊ပေးပို့လာသည့် သဝဏ်လွှာများဖတ်ကြားခြင်း၊ လွမ်းသူ့ပန်း‌ခွေချခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် လွိုင်ကော်မြို့တွင်လည်း ကရင်နီအာဇာနည်နေ့ ပြုလုပ်ခဲ့ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ လွိုင်ကော် PDFနှင့် အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ပြည်သူများတက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီအမျိုးသား‌ တော်လှန်ရေးဖခင် ဦးဘီတူရီ ကျဆုံးသည့်နေ့ကိုအစွဲပြု၍ ကရင်နီလူထု တစ်ရပ်လုံးမှ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ပြီး ယနေ့ (၇၄)နှစ်‌ မြောက်တိုင် ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

ရှားတော မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟုလည်းပြောပြသည်။