Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင်စစ်​ကောင်စီတပ်သားနှင့်ပျူငါးဦးပစ်ခတ်ခံရ၊ ဗိုလ်အပါအဝင်စစ်သား၂ ဦးနေရာတွင်သေဆုံး

စက်တင်ဘာ၂ရက်နေ့ကလည်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ကံလှရွာရှိ ပျူအဖွဲ့ဖွဲ့ရန် ဦးဆောင်စီစဥ်နေသည်ဟုဆိုသည့် မင်းအောင်ဆိုသူအား တောအပြန် ရှင်းလင်းခံခဲ့ရသေးသည်။

(​တော်လှန်​ရေးအဖွဲ့များက ခုခံတွန်းလှန်စစ်အရှိန်မြှင့်တိုက်ခိုက်လာသဖြင့်နိုင်ငံတစ်ဝန်းစစ်​ကောင်စီတပ်သားများ​ နေစဥ်​သေဆုံးဒဏ်ရာရမှုပိုများလာသည်။ ဓါတ်ပုံ-CJ)
(​တော်လှန်​ရေးအဖွဲ့များက ခုခံတွန်းလှန်စစ်အရှိန်မြှင့်တိုက်ခိုက်လာသဖြင့်နိုင်ငံတစ်ဝန်းစစ်​ကောင်စီတပ်သားများ​ နေစဥ်​သေဆုံးဒဏ်ရာရမှုပိုများလာသည်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ယနေ့တစ်ရက်တည်း စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်နှင့်ပျူ စုစုပေါင်းငါးဦး ပစ်ခတ်ခံရပြီး စစ်ဗိုလ်နှင့်တပ်သားတစ်ဦး နေရာတွင် သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက် )ညနေ ၅ နာရီခန့်က မြင်းခြံမြိုနယ်၊ ဆီမီးခုံ လောင်းကစားဝိုင်းမှပြန်လာသည့်ကြည်ရွာမှ စစ်ကောင်စီဗိုလ် ၁ ဦးနှင့် တပ်သားတစ်ဦးပစ်ခတ်ရှင်းလင်းခံရကြောင်း၊ နှစ်ဦးလုံးနေရာတွင်ပင်သေဆုံးသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကသတင်းထုတ်ပြန်သည်။

အလားတူ မွန်းတည့် ၁၂ နာရီခန့်ကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်၊ ဆုံရွာမှ ပျု ၃ ဦးလည်း ပစ်ခတ်ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကထပ်မံအသိပေးသည်။

ပျူ ၃ ဦးသည် မြင်းခြံမြို့မှ ပြန်လာချိန်နဘူးအိုင်ရွာနှင့်ပင်လယ်ရွာ ကြားတွင် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်ကြောင်း၊ အပစ်ခံရပြီး မကြာမီ ဆုံရွာမှဆိုင်ကယ်၁၀ စီးနှင့်ပျု​​​စောထီး ၂၀ ဦးခန့်သည် ဂျင်ကလိ ၊ ဓား ၊သေနတ်များဖြင့်အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာခဲ့သည်ဟုဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အပစ်ခံရသော ပျု များကို ဆီမီးခုံမြို့ဆေးရုံသို့ နာရေးကားဖြင့်သယ်ဆောင်သွားကြောင်းဒေသခံများကပြောသည်။

ပျူ ၃ ဦး အသက်သေဆုံးခြင်းရှိမရှိကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ယခုညပိုင်းအထိ မည်သည့်အဖွဲ့ကမျှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

စက်တင်ဘာ၂ရက်နေ့ကလည်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ကံလှရွာရှိ ပျူအဖွဲ့ဖွဲ့ရန် ဦးဆောင်စီစဥ်နေသည်ဟုဆိုသည့် မင်းအောင်ဆိုသူအား တောအပြန် ရှင်းလင်းခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။