Connect with us

Hi, what are you looking for?

သတင်း

ယောဒေသတွင် PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ - TYF
မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ - TYF

လက်နက်အင်အားမမျှ၍ စခန်းတစ်ခု မီးရှို့ဖျက် ဆီးခံလိုက်ရကြောင်း မကွေးတိုင်း၊ ယောဒေသအခြေစိုက်The Youth Force (Saw&Kyaukhtu) က ယနေ့(စက်တင်ဘာ ၁၁ ရက်).ထုတ်ပြန် သည်။

ယမန်နေ့(စက်တင်ဘာ ၁၀ ရက်)က အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၇၇)မှ အင်အား ၉၀ပါအဖွဲ့သည် စစ်ကြောင်းထိုး၍ TYF ၏ နယ်မြေအတွင်းဝင်ရောက်လာခြင်းဟု ဆိုသည်။

“ကျောက်ထု အမြှောက်တပ်က နေထွက်လာတာ။ထိပ်တိုက်ယှဥ်ပစ်ဖို့က အင်အား မမျှတော့ စခန်းကိုစွန့်လိုက်တယ်”ဟု TYF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ - TYF
မီးရှို့ဖျက်ဆီးခံခဲ့ရသော TYF စခန်းခွဲတစ်ခုအားတွေ့ရစဉ်၊ ဓာတ်ပုံ – TYF

TYFတပ်ဖွဲ့ဝင်များ ဘေးကင်းပြီးစစ်အသုံး အဆောင်ပစ္စည်းများ တစ်စုံတစ်ရာပါဝင်သွားခြင်း မရှိသော်လည်း စခန်း၏တဲများကို အကြမ်း ဖက်စစ်ကောင်စီတပ်က မီးရှို့သွားခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စခန်းအနီးအနားရှိ ​ပြည်သူများ၏တဲများနှင့် လှည်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း ဖော်ပြသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ဇမ္မူတောင်အနီးအနားတွင် စစ်ရေးလှုပ် ရှားလျက်ရှိနေသေးကြောင်းလည်း TYF က ဆိုသည်။

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် TYF အနေ​​ဖြင့် လက်နက်ပစ္စည်းကူညီထောက်ပံ့မှုများရရှိရေးကို တော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ မျှော်လင့်နေရဆဲသာဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook