Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စိုင်ဂေါင်းရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို PDFများ တိုက်ခိုက်

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က အသိပေးထားသည်။

(စစ်ဆင်ရေးတစ်ခု သွားရောက်ရန် ပြင်ဆင်နေသည့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့)
(စစ်ဆင်ရေးတစ်ခု သွားရောက်ရန် ပြင်ဆင်နေသည့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့)

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ စိုင်ဂေါင်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့နေသည့် စစ်ကောင်စီတပ်အား မြို့နယ်လေးခုရှိ PDFများ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အထိ အခိုက် အကျအဆုံးများရှိကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်)က မြိုင်မြို့နယ် တောင်ပိုင်းရှိ စိုင်ဂေါင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းအား မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)နှင့် မြိုင်၊ပခုက္ကူ၊ရေစကြို၊ ပေါက်နယ်များက မဟာမိတ်တပ် ဖွဲ့များ စုပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်သဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွင် PDFအဖွဲ့များက လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများရှိနိုင်ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ) တာဝန်ရှိသူက “စိုင်းဂေါင်း ကျေးရွာကို စကစတွေ ဝင်ပြီး မီးရှို့တာကနေ ပခုက္ကူ ၊မြိုင်၊ရေစကြို၊ပေါက် PDFတွေနဲ့ တိုက်ပွဲစဖြစ်တာပါ။ မီးရှို့နေတော့ ကျွန်တော်တို့က လက်နက်ကြီးအရင်ပစ်တာ။နောက်မှ လက်နက််တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပါသေးတယ်။ နောက်စစ်ကြောင်းက အရှေ့ညောင်တွင်းကျောင်းထဲ ဝင်သွားတာပါ။”ဟု ပြောကြားသည်။

စစ်ကောင်စီစစ်‌ကြောင်းသည် ယမန်နေ့ညတွင် မြိုင်မြို့နယ်တောင်ပိုင်း ညောင်ကုန်းကျေးရွာ (အရှေ့)တွင် ရောက်ရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ပါသောကြောင့် ပြည်သူများစစ်ကြောင်း သတင်းနားစွင့်ကာ စစ်ကြောင်း‌နှင့်ဝေးရာတွင် ရှောင်ကြဉ်နေထိုင်ကြပရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook