Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်ကျောက်ပုံရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကိုPDFများ ပစ်ခတ်ရှင်းလင်း

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ရှင်းလင်းခြင်းခံရသူနှစ်ဦးသည် ကျေးရွာနေပြည်သူများအားမီတာခများအတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

တောင်သာနယ်ကျောက်ပုံရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကိုPDFများ ပစ်ခတ်ရှင်းလင်း
တောင်သာနယ်ကျောက်ပုံရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကိုPDFများ ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ကျောက်ပုံကျေးရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးကိုမဟာမိတ်တပ်ဖွဲ့များနှင့်အတူပစ်ခတ်ရှင်းလင်းလိုက်ကြောင်း TTAပြောက်ကျားကျားတပ်ဖွဲ့(တောင်သာ)ကယနေ့(စက်တင်ဘာ ၂၀)ထုတ်ပြန်သည်။

ကျောက်ပုံကျေးရွာမှ ရှစ်ရွာအုပ် အုပ်ကြီးခင်မောင်ဝင်းနှင့် ပျူစောထီးအဖွဲ့ဝင် ဝင်းစောဆိုသူတို့နှစ်ဦးကို ယမန်နေ့ စက်တင်ဘာ ၁၉ ရက်တွင် TTA တပ်ဖွဲ့နှင့် မြေလတ် PDF၊ Seven People Defense Force၊ Myingyan Black Tiger ၊ Natogyi Regional Defense Forceတို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement
Public Service Announcement

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူတို့၏ နေအိမ်များအတွင်းသို့ဝင်ရောက်ကာ တစ်ဦးကိုသေနတ်သုံးချက်ဆီဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နှစ်ဦးလုံးနေရာတင် သေဆုံးသွားကြောင်းTTA ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ရှင်းလင်းခြင်းခံရသူနှစ်ဦးသည် ကျေးရွာနေပြည်သူများအားမီတာခများအတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။