Connect with us

Hi, what are you looking for?

သတင်း

ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

စက်တင်ဘာ ၁၉ ရက် ည ၇နာရီခန့်က ပိတောက်ကုန်းရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇) တပ်ရင်းကို ထားဝယ်ခရိုင် PDF တပ်မတော်နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ပူးပေါင်းတပ်မှ PDF ရဲဘော်နှစ်ဦးကျဆုံး

ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီလက်အောက်ခံ ခလရ(၄၀၇)တပ်တို့ကို မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း People’s Defense Force(T1) က ယနေ့(စက်တင်ဘာ ၂၂)ထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက် ည ၇နာရီခန့်က ပိတောက်ကုန်းရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇) တပ်ရင်းကို ထားဝယ်ခရိုင် PDF တပ်မတော်နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် ထားဝယ်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော် T-1ဇုံမှ ရဲဘော်နိုင်တီနိုင်းနှင့် မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်ဝတုတ်တို့နှစ်ဦးကျည်ထိမှန်ပြီး တိုင်းပြည်အတွက်အသက်ပေးသွားခဲ့ကြောင်း ဝမ်းနည်းမှတ်တမ်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အသက်ပေးလှူခဲ့ရသည့် အာဇာနည်သူရဲကောင်းနှစ်ဦး၏ ဆောင်ရွက်ဆဲဖြစ်သော စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ် ထွန်းရေးတာဝန်များကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စ​တေပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား သိရှိနိုင်ရန် People’s Defense Force(T1)အား ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။