Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

စက်တင်ဘာ ၁၉ ရက် ည ၇နာရီခန့်က ပိတောက်ကုန်းရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇) တပ်ရင်းကို ထားဝယ်ခရိုင် PDF တပ်မတော်နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ပူးပေါင်းတပ်မှ PDF ရဲဘော်နှစ်ဦးကျဆုံး

ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီလက်အောက်ခံ ခလရ(၄၀၇)တပ်တို့ကို မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း People’s Defense Force(T1) က ယနေ့(စက်တင်ဘာ ၂၂)ထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက် ည ၇နာရီခန့်က ပိတောက်ကုန်းရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇) တပ်ရင်းကို ထားဝယ်ခရိုင် PDF တပ်မတော်နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
ရေဖြူနယ် ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇)တပ်ကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် ထားဝယ်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော် T-1ဇုံမှ ရဲဘော်နိုင်တီနိုင်းနှင့် မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်ဝတုတ်တို့နှစ်ဦးကျည်ထိမှန်ပြီး တိုင်းပြည်အတွက်အသက်ပေးသွားခဲ့ကြောင်း ဝမ်းနည်းမှတ်တမ်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အသက်ပေးလှူခဲ့ရသည့် အာဇာနည်သူရဲကောင်းနှစ်ဦး၏ ဆောင်ရွက်ဆဲဖြစ်သော စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ် ထွန်းရေးတာဝန်များကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စ​တေပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား သိရှိနိုင်ရန် People’s Defense Force(T1)အား ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။