Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေး၏လုံခြုံမှုနှင့် ဂုဏ်သိက္ခာအတွက် KNU တပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ်များ လိုက်နာရမည့်စည်းကမ်းများ ထုတ်ပြန်

ဒေသခံပြည်သူလူထု၏ ဘာသာ၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာများအား လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုနှင့် ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စ အရှုပ်အရှင်းများ မပြုလုပ်ရဘဲ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️လူထုအားအနိုင်မကျင့်ရန်၊ အဖွဲအချင်းချင်း ခိုက်ရန်မဖြစ်ရန်၊ ကိုယ်ကျိုးရှာခြင်းမပြုရန်အချက်များ ပါဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များလိုက်နာရမည့် စည်းကမ်းချက်များကို သထုံခရိုင် တပ်မဟာ(၁)က ထုတ်ပြန်ခဲ့ရာ လူထုကို အနိုင်မကျင့်ရန်နှင့် မခြိမ်းခြောက်ရန်၊ ကိုယ်ကျိုးရှာခြင်းမပြုရန် အချက်များ ပါဝင်သည်။

တပ်မဟာ(၁)နယ်မြေရှိ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က စက်တင်ဘာ ၅ရက်တွင် ဘောက်ဆာဆီတင်ယာဉ်တစ်စီးကို ဖမ်းဆီးပြီး ဆီများကို ဖောက်ယူ ရောင်းချခဲ့သည့် ကိစ္စ ဖြစ်ပွားပြီးနောက် တပ်မဟာ(၁)က စက်တင်ဘာ ၁၀ရက်တွင် ယင်းစည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်ကို KNU ဗဟိုက ယနေ့ လူထုအား အသိပေးခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၁)က ထုတ်ပြန်ခဲ့သည့် စည်းကမ်းချက် ၂၅ချက်ရှိပြီး တပ်မဟာ၊ ခရိုင်ခေါင်းဆောင်များမှ အခါအားလျှော်စွာချမှတ်သော လမ်းညွှန်ချက်နှင့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာရမည်။ တာဝန်ခံယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သက်ဆိုင်ရာတပ်ရင်း/တပ်ဖွဲ့အလိုက် ဤခရိုင်၊ တပ်မဟာမှထုတ်ပြန်သည့် စည်းကမ်းများအပြင် ဒေသန္တရစည်းမျဉ်းစည်းကမ်းများထုတ်ပြန်၍ တပ်ဖွဲ့ဝင်များစည်းကမ်းစနစ်တကျ ရှိစေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံအုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာသွားရမည်ဖြစ်ကြောင်း စည်းကမ်းချက်များ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အင်အားစုများသည် ရှေ့တန်းစစ်မြေပြင်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မြို့နယ်၊ ကျေးနယ်များ၏ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းနှင့် အဖွဲ့ဝင်များ ဆောင်ရွက်သည့် မြို့ပြစစ်ဆင်ရေး၊ ဖောက်ခွဲရေးကဲ့သို့ စစ်ရေးလှုပ်ရှားမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ရန်သူ့သတင်း အချက်အလက်များအား ခရိုင်၊ တပ်မဟာ၊ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ မြို့နယ်၊တပ်ရင်း များသို့ အချက်အလက် တူညီစွာ တပြေးညီပေးပို့ရမည်ဟု ဖော်ပြထားသည်။

တပ်ရင်းမှူးများ/အဖွဲ့အစည်းတာဝန်ခံများသည် မိမိတပ်ရင်း/တပ်ဖွဲ့မှ အဖွဲ့ဝင်များ၏ အုပ်ချုပ်မှုကိစ္စအဝဝအား တာဝန်ခံရမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးလုပ်ငန်းများအား မိမိအဖွဲ့အစည်းသဘောဖြင့် မပြုလုပ်ရ၊ တာဝန်ရှိသူအဆင့်ဆင့်ထံတင်ပြ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှင့် စစ်ဆင်ရေးလုပ်ငန်းများအား အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ စစ်ဆင်ရေးအား အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ရှားရမည်ဖြစ်ကြောင်း စည်းကမ်းချက်ထုတ်ပြန်ထားသည်။

ထို့ပြင် အဖွဲ့အစည်းအချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားခြင်း မပြုရန်နှင့် ဖြစ်ပါက ထိရောက်စွာ အရေးယူမည်ဟု အသိပေးထားသည်။

အဖွဲ့အစည်းအချင်းချင်းကြားသော်လည်းကောင်း၊ အဖွဲ့ဝင်အချင်းချင်းကြားသော်လည်းကောင်း မပြေလည်သည့်ကိစ္စရပ်များရှိပါက တာဝန်ရှိသူများထံ အဆင့်ဆင့် သတင်းပို့တင်ပြဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဖွဲ့ဝင်အချင်းချင်းကြားသော်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်းကြားသော်လည်းကောင်း သစ္စာစောင့်သိ၍ အချင်းချင်းရိုင်းပင်းကူညီသွားရမည် စည်းကမ်းထုတ်ပြန်ထားသည်။

ထို့အပြင် အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား မထိခိုက်စေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စစ်ကောင်စီမှ ဦးဆောင်သည့် လုပ်ငန်းများမှအပ ဒေသခံပြည်သူလူထု၏ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများတွင် မိမိတို့တတ်စွမ်းသ၍ ပါဝင်ကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အင်အားစုများသည် အရပ်သားပြည်သူများ၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ချက်၌ ပါရှိသည်။

ဒေသခံပြည်သူလူထု၏ ဘာသာ၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာများအား လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုနှင့် ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စ အရှုပ်အရှင်းများ မပြုလုပ်ရဘဲ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

သက်ဆိုင်ရာနယ်မြေအတွင်း မိမိအဖွဲ့အစည်းသဘောဖြင့် ငွေကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်းလုပ်ငန်းများမပြုလုပ်ရန်၊ တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူကိုမှ တည်နေရာပြောကြားခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းမျှဝေခြင်းမပြုလုပ်ရန် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ လူစိမ်းများအား မိမိတို့နယ်မြေအတွင်း ခေါ်ယူခြင်းမပြုလုပ်ရန် စည်းကမ်းထုတ်ပြန်ထားသည်။

တော်လှန်ရေးအကြောင်းပြအလှူခံခြင်း၊ ပြည်သူလူထုအားခြိမ်းခြောက်ငွေကြေးကောက်ခံခြင်း အပါအဝင် ကိုယ်ကျိုးစီးပွားရှာခြင်းလုံးဝမပြုလုပ်ရဟု စည်ကမ်းချက်များ၌ ပါရှိပြီး မိမိသက်ဆိုင်ရာအဖွဲ့အစည်း၊ တော်လှန်ရေး၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာထိခိုက်စေမည့် အပြုအမူ၊ အပြောအဆို၊ လုပ်ရပ်များမဖြစ်ပွားစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိမိတို့သက်ဆိုင်ရာနယ်မြေအတွင်း တော်လှန်ရေးသမားအသွင်ယူ၍ မသမာမှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖော်ပြသည်။

မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းအင်အားစုများသည် စုစည်းခြင်း၊ ညီညွတ်ခြင်း၊စည်းလုံးခြင်းအင်အားနှင့် ကျင့်သုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အင်အားစုများသည် ရှေ့တန်းစစ်မြေပြင်တွင် ဆောင်ရန်ရှောင်ရန် စည်းမျဉ်းစည်းကမ်းများနှင့် လူသားခြင်းစာနာထောက်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။