Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ကပေါင်းရွာအား မီးရှို့ဖျက်ဆီးထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

“ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်” ဟု အသိပေးသည်။

(စစ်ကောင်စီတပ်က တန့်ဆည်နယ်ရှိ ကျေးရွာအချို့ကို ယခုရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က တန့်ဆည်နယ်ရှိ ကျေးရွာအချို့ကို ယခုရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)

▪️စစ်အုပ်စုက နေအိမ် ၃၀ကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျေးရွာတွင် ညအိပ်တပ်စွဲကာနေအိမ်များအား မီးရှို့ဖျက်ဆီးပြီးထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.Kက ယနေ့(စက်တင်ဘာ ၂၈)ထုတ်ပြန်သည်။

ယနေ့နံနက် ၄ နာရီခန့်က ကပေါင်းကျေးရွာမှ နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ အနည်းငယ်ထိခိုက်သွားကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်” ဟု အသိပေးသည်။

အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာ ၂၅ ရက်ကတည်းက တန့်ဆည်နယ် ကပေါင်းကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၃ ညအိပ်ပြီး ကျေးရွာအတွင်းတပ်စွဲကာ နေအိမ် များအား မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။