Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် ဘန်လောရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်PDF တိုက်ခိုက်

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း (၂)က တိုက်တွန်း နှိုးဆော်ထားသည်။

တနင်္သာရီမြို့နယ် ဘန်လောရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်PDF တိုက်ခိုက်
တနင်္သာရီမြို့နယ် ဘန်လောရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်PDF တိုက်ခိုက်

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ညီနောင်များနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က ယနေ့(အောက်တိုဘာ ၃)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီခွဲခန့်က မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)နှင့် ဘက်မလိုက်ပြောက်ကျားတပ်၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု(SWDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ် ခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခန့်တွင် မဟာမိတ် တပ် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွဲခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ ကျေးရွာများသို့ ယင်းနေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ရာ ပြည်သူများထိခိုက် ဆုံးရှုံးမှုရှိခဲ့သည်ဟုဆိုသော်လည်း အခြေအနေအသေးစိပ်အား မသိရသေးပေ။

Public Service Announcement

Public Service Announcement

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း (၂)က တိုက်တွန်း နှိုးဆော်ထားသည်။

ဘန်လောရွာအနီးရှိ စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စိတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအခြေအနေများအားသိရှိနိုင်ရန် မြိတ်ခရိုင် တပ်ရင်း (၂)ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook