Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်လအတွင်းတိုက်ပွဲများတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်နေဟုဆို

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

တစ်လအတွင်းတိုက်ပွဲများတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်နေဟုဆို
တစ်လအတွင်းတိုက်ပွဲများတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်နေဟုဆို

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေတွင် စက်တင်ဘာလ တစ်လတာအတွင်း KNLA KNDO တပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်တွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်သည်ဟု ကေအဲန်ယူမှ သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ခလယ်လွီခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်များမှ စစ်ဆင်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြဲတမ်းပြုလုပ်လျက်ရှိပြီး တပ်မဟာ(၃)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်ရင်း(၃)တို့နှင့် နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇)ရက်မှစပြီး စစ်ကောင်စီတပ်၏ ခလရ(၄၈)၊ ခမရ(၅၉၀)၊ ခမရ(၅၉၉)၊ ခမရ(၅၈၂)၊ ခမရ(၃၄၉)နှင့် တပ်မ(၇၇)တပ်ရင်းတစ်ရင်းတို့အား KNLA တပ်ရင်း(၉)နှင့် KNDO တပ်ရင်း(၃)နယ်မြေများအား ရှင်းလင်းရန် စစ်ဆင်ရေးချမှတ်ပြီး ထိုးစစ်ဆင်လာခဲ့သောကြောင့် KNLA တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Federal Wings တပ်ဖွဲ့များမှပူးပေါင်းကာ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ရဲဝံ့စွာပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူမှ ဆိုသည်။

Public Service Announcement
Public Service Announcement

စက်တင်ဘာလ(၇)ရက်မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ KNLA တပ်ရင်း(၉) KNDO တပ်ရင်း(၃)နယ်မြေများအတွင်း KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း(၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၅၄)ဦးသေဆုံးကာ (၇၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အတည်ပြု၍ မရရှိသေးသော စစ်ကောင်စီတပ်များ၏ ထိခိုက်သေဆုံးမှုစာရင်းများလည်း များစွာရှိနေသေးသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေအားလုံးအတွင်းမှာတော့ တလတာအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း(၈၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၈၃)ဦးသေဆုံးနှင့် (၈၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းတပ်ဖွဲ့များဘက်ကတော့ သုံးဦး အသက်စွန့်ခဲ့ရပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်သည်သာမက လေကြောင်းမှလည်း (၃)ကြိမ်တိုင်တိုင် ပြည်သူလူထုများနေထိုင်သော နေရာများတွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။