Connect with us

Hi, what are you looking for?

သတင်း

တစ်လအတွင်းတိုက်ပွဲများတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်နေဟုဆို

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

တစ်လအတွင်းတိုက်ပွဲများတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်နေဟုဆို
တစ်လအတွင်းတိုက်ပွဲများတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်နေဟုဆို

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေတွင် စက်တင်ဘာလ တစ်လတာအတွင်း KNLA KNDO တပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်တွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးအဆင့်ရှိသူများပါဝင်သည်ဟု ကေအဲန်ယူမှ သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ခလယ်လွီခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်များမှ စစ်ဆင်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြဲတမ်းပြုလုပ်လျက်ရှိပြီး တပ်မဟာ(၃)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်ရင်း(၃)တို့နှင့် နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇)ရက်မှစပြီး စစ်ကောင်စီတပ်၏ ခလရ(၄၈)၊ ခမရ(၅၉၀)၊ ခမရ(၅၉၉)၊ ခမရ(၅၈၂)၊ ခမရ(၃၄၉)နှင့် တပ်မ(၇၇)တပ်ရင်းတစ်ရင်းတို့အား KNLA တပ်ရင်း(၉)နှင့် KNDO တပ်ရင်း(၃)နယ်မြေများအား ရှင်းလင်းရန် စစ်ဆင်ရေးချမှတ်ပြီး ထိုးစစ်ဆင်လာခဲ့သောကြောင့် KNLA တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Federal Wings တပ်ဖွဲ့များမှပူးပေါင်းကာ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ရဲဝံ့စွာပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူမှ ဆိုသည်။

Public Service Announcement
Public Service Announcement

စက်တင်ဘာလ(၇)ရက်မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ KNLA တပ်ရင်း(၉) KNDO တပ်ရင်း(၃)နယ်မြေများအတွင်း KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း(၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၅၄)ဦးသေဆုံးကာ (၇၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အတည်ပြု၍ မရရှိသေးသော စစ်ကောင်စီတပ်များ၏ ထိခိုက်သေဆုံးမှုစာရင်းများလည်း များစွာရှိနေသေးသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေအားလုံးအတွင်းမှာတော့ တလတာအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း(၈၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၈၃)ဦးသေဆုံးနှင့် (၈၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းတပ်ဖွဲ့များဘက်ကတော့ သုံးဦး အသက်စွန့်ခဲ့ရပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်သည်သာမက လေကြောင်းမှလည်း (၃)ကြိမ်တိုင်တိုင် ပြည်သူလူထုများနေထိုင်သော နေရာများတွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။