Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်မြို့ရှိ ဇော်ချောင်းရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

အဆိုပါ ဇော်ချောင်းရွာတွင် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိပေးထားသည်။

ကိုးတောင်ဘို့ တိုက်နယ်ရှိ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့ တိုက်နယ်ရှိ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လေးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ယခင်က အိမ်ခြေ ၁၀၀ခန့် ပျက်စီးထားဟုဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့တွင် ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံက ပြောကြားသည်။

ကန့်ဘလူနယ် ကိုးတောင်ဘို့ တိုက်နယ်ရှိ ဇော်ချောင်းရွာကို အောက်တိုဘာ ၆ရက် နံနက် ၁၁နာရီခွဲတွင် မီးရှို့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီဘက်က မစားရတဲ့အမဲ သဲနဲ့ပတ်ဆိုသလိုပေါ့ဗျာ။ သူတို့ဘက်က နယ်မြေစိုးမိုးမှု ဘယ်လိုမှ မရတော့တဲ့ အနေအထားဆိုတော့ ပြည်သူတွေ ကြပ်တည်းလာအောင်၊ ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့လို့ မရအောင် ရွာတွေကို မီးရှို့နေတာလို့ မြင်ပါတယ်ဗျ”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့သည်မှာ ယခုတစ်ကြိမ် အပါအဝင် လေးကြိမ်ရှိပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြထားသည်။ ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုတွင် နေအိမ် တစ်လုံး၊ ဒုတိယ အကြိမ်၌ နေအိမ် ၉၃လုံး၊ တတိယ အကြိမ်၌ နေအိမ် သုံးလုံး ပျက်စီးခဲ့ရပြီး ယခုလေးကြိမ်မြောက် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဇော်ချောင်းရွာတွင် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဥသျှစ်ကုန်းရွာကို အောက်တိုဘာ ၁ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၃၀ရက်ကလည်း လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယ အကြိမ် မီးရှို့ခဲ့သည်ဟုဆိုသည်။ ကန့်ဘလူမြို့နယ်တွင် ဩဂုတ်လမှစ၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေရာ အင်္ငုတ္တို၊ ပင့်သာ၊ ညောင်ကုန်း၊ ဇီးကနား၊ ပေကုန်း(မ)၊ လျှော်ဖြူကုန်း၊ ဇော်ချောင်း ရွာများ မီးရှို့ခံခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ ဖော်ပြချက်များ၌ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။