Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ

“ကယ်ဆယ်ရေးအဖွဲ့တွေရှာတာ ကလေးနှစ်ဦးရုပ် အလောင်းတော့တွေ့ပြီ။ မိဖတွေကို ရှာနေတုန်းပဲ”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ
ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာပြီးနောက် ချောင်းရေလျှံမှုဖြစ်၍ မိသားစုဝင် လေးဦးရေစီးနှင့် မျောပါသွားပြီး ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားသည်။

ယနေ့(အောက်တိုဘာ ၈ရက်)ညနေ ၃နာရီခွဲခန့်က ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်အတွင်း ဖြတ်စီးသွားသည့် ဆင်ပေါက်လှချောင်း ရေကြီးရေလျှံဖြစ်ကာ မိသားစုဝင်လေးဦး မျောပါသွားခဲ့​​​ခြင်းဖြစ်သည်။

ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ
ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ

“ကယ်ဆယ်ရေးအဖွဲ့တွေရှာတာ ကလေးနှစ်ဦးရုပ် အလောင်းတော့တွေ့ပြီ။ မိဖတွေကို ရှာနေတုန်းပဲ”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ပခုက္ကူမြို့အပါအဝင် မကွေးတိုင်းဒေသကြီး မြို့နယ် အချို့တွင် ယနေ့ နံနက်ပိုင်းမှစတင်၍ နေရာကွက်၍ မိုးကြီးခဲ့သည်။

Public Service Announcement

Public Service Announcement

ပခုက္ကူမြို့နယ်သည် ပုံမှန်ထက် မိုးကြီးပါက ချောင်းရေလျှံသည့် အန္တရာယ် ရင်ဆိုင်ရလေ့ရှိသည်။ ယခုအခါ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမှ ဆုတ်ခွာနေ၍ နေရာကွက်မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ သတိပြုရန် လိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။