Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ

“ကယ်ဆယ်ရေးအဖွဲ့တွေရှာတာ ကလေးနှစ်ဦးရုပ် အလောင်းတော့တွေ့ပြီ။ မိဖတွေကို ရှာနေတုန်းပဲ”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာပြီးနောက် ချောင်းရေလျှံမှုဖြစ်၍ မိသားစုဝင် လေးဦးရေစီးနှင့် မျောပါသွားပြီး ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားသည်။

ယနေ့(အောက်တိုဘာ ၈ရက်)ညနေ ၃နာရီခွဲခန့်က ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်အတွင်း ဖြတ်စီးသွားသည့် ဆင်ပေါက်လှချောင်း ရေကြီးရေလျှံဖြစ်ကာ မိသားစုဝင်လေးဦး မျောပါသွားခဲ့​​​ခြင်းဖြစ်သည်။

ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ
ပခုက္ကူတွင် ချောင်းရေလျှံပြီး မိသားစုဝင်လေးဦး မျောပါ၊ ကလေးငယ်နှစ်ဦး​၏ ရုပ်အလောင်း ရှာတွေ

“ကယ်ဆယ်ရေးအဖွဲ့တွေရှာတာ ကလေးနှစ်ဦးရုပ် အလောင်းတော့တွေ့ပြီ။ မိဖတွေကို ရှာနေတုန်းပဲ”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူမြို့အပါအဝင် မကွေးတိုင်းဒေသကြီး မြို့နယ် အချို့တွင် ယနေ့ နံနက်ပိုင်းမှစတင်၍ နေရာကွက်၍ မိုးကြီးခဲ့သည်။

ပခုက္ကူမြို့နယ်သည် ပုံမှန်ထက် မိုးကြီးပါက ချောင်းရေလျှံသည့် အန္တရာယ် ရင်ဆိုင်ရလေ့ရှိသည်။ ယခုအခါ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမှ ဆုတ်ခွာနေ၍ နေရာကွက်မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ သတိပြုရန် လိုအပ်နေသည်။