Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်က နိုင်ကျဉ်း ၁၀၀ ခန့်ကို နယ်ထောင်ဆီ တိတ်တဆိတ် ပြောင်းရွှေ့

ဒီလို နယ်ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အတွက် သက်ဆိုင်ရာမိသားစုတွေဟာ ထောင်ဝင်စာပါဆယ် သွားရောက် ပေးပို့ရာမှာ ခရီးဝေးတဲ့အတွက် အခက်အခဲတွေရှိနေပါတယ်။

အိုးဘိုထောင်က နိုင်ကျဉ်း ၁၀၀ ခန့်ကို နယ်ထောင်ဆီ တိတ်တဆိတ် ပြောင်းရွှေ့
အိုးဘိုထောင်က နိုင်ကျဉ်း ၁၀၀ ခန့်ကို နယ်ထောင်ဆီ တိတ်တဆိတ် ပြောင်းရွှေ့

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၁၀၀ ခန့်ကို မန္တလေးအိုးဘိုထောင်ကနေ နယ်ထောင်ဆီ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီဟာ တိတ်တဆိတ်ရွှေ့ပြောင်းလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်မနက် အာရုံမတက်ခင်အချိန်မှာ အိုးဘိုထောင်ထဲက အကျဉ်းသား ၁၀၀ ခန့်ကို ၁၀ ဘီးကားတွေနဲ့ နယ်ထောင်တွေဆီ ရွှေ့လိုက်တာ မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

အဲဒီနိုင်ကျဉ်းတွေကို ရှမ်းပြည်နယ် ညောင်ရွှေထောင် ( တောင်လေးလုံးထောင် )ပို့လိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း အိုးဘိုထောင်က နိုင်ကျဉ်းတွေကို မြင်းခြံထောင်ဆီ စစ်ကောင်စီက ပြောင်းရွှေ့ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒီလို နယ်ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အတွက် သက်ဆိုင်ရာမိသားစုတွေဟာ ထောင်ဝင်စာပါဆယ် သွားရောက် ပေးပို့ရာမှာ ခရီးဝေးတဲ့အတွက် အခက်အခဲတွေရှိနေပါတယ်။

စစ်ကောင်စီဟာ နိုင်ကျဉ်းတွေကို အကျဉ်းထောင်တွေမှာ စုစည်းလို့ မရအောင် နယ်ထောင်တွေ ခွဲပြီး ပို့တာတွေ အခုနောက်ပိုင်းခပ်စိတ်စိတ်လုပ်လာပါတယ်။

ရန်ကုန် ၊အင်းစိန်ထောင်က နိုင်ကျဉ်းတွေကို လည်း သာယာဝတီထောင်ဆီ ပြောင်းရွှေ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။