Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတစ်ဦး အကြောင်းမဲ့ တိုက်ပိတ်ခံရ

ဒီလို နိုင်ငံရေးအကျဉ်းသူ တစ်ဦးကို အကြောင်းမဲ့ တိုက်ပိတ်တာကို ပြန်ထုတ်ပေးဖို့ တောင်းဆိုသူတွေကိုပါ ပြစ်ဒဏ် တိုက်ထဲ ထည့်ထားခဲ့တယ် အဲဒီစာမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ - EPA
ဓာတ်ပုံ - EPA

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံရပြီး အိုးဘိုထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦး ခိုင်လုံတဲ့အကြောင်းပြချက်မပေးဘဲ တိုက်ပိတ်ခံထားရတယ်လို့ ထောင်အသိုင်းအဝိုင်းကနေသိရပါတယ်။

ထောင်ထဲကနေ ပေးပို့လာတဲ့စာအရ အမျိုးသမီး အိပ်ဆောင် −၂ ၊အခန်း − ၃ မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦးကို အကြောင်းပြချက်မပေးဘဲ အောက်တိုဘာလ ၃ ရက် ကစတင်ကာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံရေးအကျဉ်းသူ တစ်ဦးကို အကြောင်းမဲ့ တိုက်ပိတ်တာကို ပြန်ထုတ်ပေးဖို့ တောင်းဆိုသူတွေကိုပါ ပြစ်ဒဏ် တိုက်ထဲ ထည့်ထားခဲ့တယ် အဲဒီစာမှာဖော်ပြထားပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေး ၊ စားရေးသောက်ရေး အတွက် စိုးရိမ်နေရတယ်လို့လည်း ရေးသားအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အိုးဘိုထောင်တွင်းမှာ နိုင်ကျဉ်းတွေ ဟာ ဖိနှိပ်မှုတွေကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ လပိုင်းကလည်း နိုင်ကျဉ်းတစ်ဦး ဆေးကုသမှုမရလို့သေဆုံးသွားတဲ့သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

Facebook