Connect with us

Hi, what are you looking for?

သတင်း

KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်

တိုက်ပွဲဖြစ်ပွားချိန်အတွင်း ကြာအင်းဆိပ်ကြီးဗျူဟာကုန်းမှ လက်နက်ကြီး(၁၂၀ မမ)ဖြင့် တရစပ်ပစ်ကူပေးနေသောကြောင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်များအနေဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု နဂါးနီစစ်ကြောင်းကဆိုသည်။

KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်
KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်

KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား (၂)ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၆)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး (၂၃)ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု နဂါးနီးစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တဂေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်တိုဘာလ(၁၅)ရက်က ညနေသုံးနာရီမှ ခြောက်နာရီအထိ တိုက်ပွဲတစ်ကြိမ်၊ အောက်တိုဘာ(၁၆)ရက် နံနက်ခြောက်နာရီမှ နေ့လည်(၁၂)နာရီအထိ တစ်ကြိမ် စုစုပေါင်းထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်
KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်

ထိုတိုက်ပွဲတွေအတွင်း စစ်ကောင်စီ၏ စကခ(၁၃)လက်အောက်ခံ ခမရ(၃၅၈)တပ်ရင်းမှ ခြောက်ဦးသေဆုံးပြီး (၁၆) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ (၂၃)ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု နဂါးနီစစ်ကြောင်းကဆိုပါသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန်အတွင်း ကြာအင်းဆိပ်ကြီးဗျူဟာကုန်းမှ လက်နက်ကြီး(၁၂၀ မမ)ဖြင့် တရစပ်ပစ်ကူပေးနေသောကြောင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်များအနေဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု နဂါးနီစစ်ကြောင်းကဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြီးချိန်တွင် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်(၁၈)လက်နဲ့ ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး(၅)လုံး၊ ကျည်တောင့်(၁၃၀၀)၊ RPG အသီး(၂)လုံး၊ ကျည်ဘောက်အပို(၂၈)ခု၊ စကားပြောစက် ဆက်သွယ်ရေးအထိုင်စက်တွေအပါအဝင် အခြားစစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု နဂါးနီစစ်ကြောင်းမှထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။