Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောင်ပိုင်း သီးချောက်ရွာအား စစ်ကောင်စီတပ်မီးရှို့ရာ သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး မီးထဲပါသွား

စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ၏ လက်ဝတ်လက်စား၊ ဖုန်း၊ ဆိုင်ကယ်နှင့် ငွေများအား လုယူနေပြီး ကြက်ဝက် တိရိစ္ဆာန်များကိုလည်း ရိက္ခါအဖြစ်သိမ်းယူနေကြောင်း ​ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ ဓာတ်ပုံ - Cj
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ ဓာတ်ပုံ - Cj

စစ်ကောင်စီတပ်ကြောင့် ဒေသခံခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ သီးချောက်ကျေးရွာကို အောက်တိုဘာ ၁၃ရက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ထွက်မပြေးနိုင်သည့် ရောဂါသည် သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးပါ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

မီးရှို့ခံရသည့် သီးချောက်ကျေးရွာသည် အိမ်ခြေ ၂၅၅ အိမ်ရှိရာ စစ်ကောင်စီတပ်က တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးသွားပြီး ဘုန်းကြီးကျောင်းကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရောဂါကြောင့်မတိမ်းရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတစ်ဦးနဲ့ ကလေးသူငယ်တစ်ဦးလည်း မီးထဲပါသွားတယ်လို့သိရတယ်။ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေဆီကနေလည်း နားကပ်တို့ဘာတို့ သေနတ်နဲ့ခြိမ်းခြောက်လုယူသွားတယ်။”ဟု ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ ဓာတ်ပုံ - Cj
ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ ဓာတ်ပုံ – Cj

ထို့အပြင် စစ်ကောင်စီတ​ပ်သည် သစ်ညီနောင်ရွာမှ CDM ကျောင်းဆရာတစ်ဦးကိုပါ ခေါင်းဖြတ်သတ်ဖြတ်သွားခဲ့ပြီး ပန်းတော်ကန်ရွာမှ ပြည်သူနှစ်ဦးကိုပါ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ၏ လက်ဝတ်လက်စား၊ ဖုန်း၊ ဆိုင်ကယ်နှင့် ငွေများအား လုယူနေပြီး ကြက်ဝက် တိရိစ္ဆာန်များကိုလည်း ရိက္ခါအဖြစ်သိမ်းယူနေကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပေါက်နယ်တောင်ပိုင်းတွင် ကျေးရွာ ခြောက်ရွာထက်မနည်းမှ ဒေသခံပြည်သူ ခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လှူဒါန်းမှုနည်းပါးနေပြီး အကူအညီများလိုအပ်နေကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ကျေးရွာတွေဆိုရင် တိမ်းရှောင်ရတဲ့ဒေသက မြေပြန့်ဒေသဖြစ်တယ်။ လျှိုမြောင်တောတွေ နည်းပါးတယ်။ စားရေးသောက်ရေးနေရေးထိုင်ရေး အခက်အခဲအများကြီးဖြစ်နေတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ရက်ကတည်းက ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ဖျက်ဆီးမှုများပြုလုပ်နေပြီး သီးချောက်ရွာအပြင် ကျားပစ်ကန်ရွာ အနောက်ဘက်ရှိ စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook