Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်

ယနေ့(အောက်တိုဘာ ၁၉ရက်)က နံနက်ပိုင်းက အင်းစိန်အကျဥ်း​ထောင်တွင် ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီလုံခြုံ​ရေးတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်အတွင်း ယနေ့ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ အဆိုပါ လုပ်ရပ်များအပေါ် သပိတ်ကော်မတီများ၊ တော်လှန်ရေးအင်အားစုနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ယနေ့(အောက်တိုဘာ ၁၉ရက်)က နံနက်ပိုင်းက အင်းစိန်အကျဥ်း​ထောင်တွင် ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီလုံခြုံ​ရေးတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗုံး​ပေါက်ကွဲမှုနှင့်​သေနတ်ဖြင့်ပစ်ခတ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံးထိခိုက်ရှိခဲ့မှုအပေါ် အထူးဝမ်းနည်းကြေကွဲမိကြောင်း၊ သေဆုံးသူ အပြစ်မဲ့ပြည်သူများတွင် နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏ မိသားစုဝင်များ ပါရှိနေသည်ကို ကြားသိရ၍ များစွာစိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစု(YRF)က ထုတ်ပြန်သည်။

အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်
အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်

အရပ်သားပြည်သူများရှိရာ နေရာအား ဆင်ခြင်တုံတရား ကင်းမဲ့စွာလုပ်ဆောင်ခဲ့သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း၊ ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ မည်သူမဆို ယခုကိစ္စရပ်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း YRFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်ရပ်အပေါ် ရန်ကုန်မြို့ပြပြောက်ကျားများအဖွဲ့(YUG)က ကြေညာချက်ထုတ်ပြန်ခဲ့ရာယခုကဲ့သို့ ဆင်ခြင်မှုနည်းပါးစွာဖြင့် အရပ်သားပြည်သူများရှိသည့် နေရာအား လုပ်ဆောင်ခြင်းကြောင့် ထောင်တွင်း အခြေအနေများ ပိုမိုတင်းကြပ်မှုများ ရှိလာနိုင်ကာ ထောင်နံရံကြားမှ တိုက်ပွဲဝင်နေသော ရဲဘော်များအတွက် ပိုမိုအခက်တွေ့လာစေနိုင်ကြောင်း ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများ သေဆုံးမှုများရှိခဲ့ရာ YUG အနေဖြင့် ထိုသို့ ဖောက်ခွဲမှုလုပ်ဆောင်ခဲ့သူများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြသူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်
အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်

ယခုကဲ့သို့ လုပ်ဆောင်ခဲ့သူများသည် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ ဖြစ်နိုင်သည်ဟု သိရှိထားသော်လည်း တော်လှန်ရေးအဖွဲ့သားများဖြစ်ပါက အသက်ဆုံးရှုံးရသူ ပြည်သူများအတွက် ပြစ်ဒဏ်ခံယူကြရန် YUGက တိုက်တွန်းထားသည်။

စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ(AJMM)၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)တို့ကလည်း ပူးတွဲထုတ်ပြန်ခဲ့ရာ အင်းစိန်ထောင်သည် မတရား အကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ထောင်ဝင်စာပေးပို့ရန် လာရောက်သည့် မိသားစုဝင်များ၊ ဥပဒေအထောက်အကူပြု ပုဂ္ဂိုလ်များ အပါအဝင် အရပ်သားများ အမြဲလှုပ်ရှားသွားလာနေသည့် နေရာဖြစ်၍ ယခုကဲ့သို့ အများပြည်သူ သွားလာသည့်နေရာကို စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်ဟု ဖော်ပြထားသည်။

အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်
အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု နှင့် ပစ်ခတ်မှုလုပ်ဆောင်သူများကို ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ ထုတ်ပြန်

မည်သည့်အခြေအနေ မည်သည့် အချိန်အခါ၌ဖြစ်စေ အများပြည်သူဆိုင်ရာနေရာများ၌ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုများကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဖြစ်စေ တာဝန်ခံရမည်ဟုလည်း GSC၊ AJMMနှင့် GSCN တို့က ထုတ်ပြန်ခဲ့သည်။

အင်းစိန်အကျဥ်းထောင်မှူးကို ဦးတည်၍ အဆိုပါအကျဉ်းထောင်ကို ထောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ထောင်မှူးအပါအဝင်လေးဦးသေဆုံးခဲ့ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့(Special Task Agency of Burm -STA )အဖွဲ့မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

“ပစ်တာက စစ်ကောင်စီက ကောင်တွေပဲ ပစ်တာ ။ကျွန်တော်တို့က ဖောက်ခွဲတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။