Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်

KNLAပူးပေါင်းတပ်၊ ကျားဖြူစစ်ကြောင်းနှင့် ကော်သူးလေအာမီမှ Lion Battalion၊ နဂါးဖြူစစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိသောပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်ပိုင်းကစ၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်
ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်

ကော့ကရိတ်မြို့ပတ်ပတ်လည်ကို လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့များကဝိုင်းထားပြီး အချုပ်ထောင်အား ဖွင့်နိုင်ခဲ့သည်ဟု ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

KNLAပူးပေါင်းတပ်၊ ကျားဖြူစစ်ကြောင်းနှင့် ကော်သူးလေအာမီမှ Lion Battalion၊ နဂါးဖြူစစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိသောပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်ပိုင်းကစ၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“လက်ရှိမှာ မြို့ပတ်ပတ်လည်ကို KNLA နဲ့ ပူးပေါင်းအဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းနဲ့ လှည့်နေပြီဖြစ်ပါတယ်။ နောက်ဆုံး Update က ကော့ကရိတ်ထောင်ကိုလည်း ဖွင့်လှစ်နိုင်ပြီး ဖြစ်ပါတယ်။ အားလုံးလည်းလွတ်သွားကြပြီး ပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်” ဟု ကျားဖြူတပ်ခွဲ(၁)မှ ထုတ်ပြန်ထားသည်။

ယနေ့ ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာနေသည့်အတွက် ကော့ကရိတ်မြို့အနီးဝန်းကျင်နှင့် ကျေးရွာများအပေါ် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ဒေသခံများဆီမှ သိရသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်ဒေသခံများကို ဆက်သွယ်မေးမြန်းနေသော်လည်းအပြင်အခြေအနေအတိအကျကိုမူ ပြောပြနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။