Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်

KNLAပူးပေါင်းတပ်၊ ကျားဖြူစစ်ကြောင်းနှင့် ကော်သူးလေအာမီမှ Lion Battalion၊ နဂါးဖြူစစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိသောပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်ပိုင်းကစ၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်
ကော့ကရိတ်ကို (KNLA)ပူးပေါင်းအဖွဲ့များဝိုင်းထားပြီး အချုပ်ထောင်ကိုဖွင့်နိုင်ခဲ့ သည်ဟုထုတ်ပြန်

ကော့ကရိတ်မြို့ပတ်ပတ်လည်ကို လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့များကဝိုင်းထားပြီး အချုပ်ထောင်အား ဖွင့်နိုင်ခဲ့သည်ဟု ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

KNLAပူးပေါင်းတပ်၊ ကျားဖြူစစ်ကြောင်းနှင့် ကော်သူးလေအာမီမှ Lion Battalion၊ နဂါးဖြူစစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိသောပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်ပိုင်းကစ၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“လက်ရှိမှာ မြို့ပတ်ပတ်လည်ကို KNLA နဲ့ ပူးပေါင်းအဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းနဲ့ လှည့်နေပြီဖြစ်ပါတယ်။ နောက်ဆုံး Update က ကော့ကရိတ်ထောင်ကိုလည်း ဖွင့်လှစ်နိုင်ပြီး ဖြစ်ပါတယ်။ အားလုံးလည်းလွတ်သွားကြပြီး ပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်” ဟု ကျားဖြူတပ်ခွဲ(၁)မှ ထုတ်ပြန်ထားသည်။

ယနေ့ ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာနေသည့်အတွက် ကော့ကရိတ်မြို့အနီးဝန်းကျင်နှင့် ကျေးရွာများအပေါ် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ဒေသခံများဆီမှ သိရသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်ဒေသခံများကို ဆက်သွယ်မေးမြန်းနေသော်လည်းအပြင်အခြေအနေအတိအကျကိုမူ ပြောပြနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။