Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်ရှိ ဆီဆိုင်ဟောင်း၌ တပ်စွဲထားသော စစ်အုပ်စုကို PDFနှစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုတပ်စွဲရာဆီဆိုင်သည် တန့်ဆည်မြို့လမ်းဆုံအနောက်ဘက်၌တည်ရှိပြီး ဆီရောင်းချခြင်းမရှိတော့ကြောင်း၊ စစ်အုပ်စု၏ ထိခိုက်သေဆုံးအခြေအနေကို စုံစမ်းနေကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

တန့်ဆည်(ပကဖ) ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
တန့်ဆည်(ပကဖ) ရဲဘော်များ စစ်ဆင်ရေးတစ်ခုသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ဆီဆိုင်ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF နှစ်ဖွဲ့ပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စခန်းတွင်းသို့ နှစ်လုံး ကျရောက်ပေါက် ကွဲခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၏ တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်)နံနက် ၉ နာရီ ၂၀ခန့်က တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူများအား တန့်ဆည် (ပ.က.ဖ)နှင့် စစ်ကိုင်းတပ်ရင်း (၃)တို့ပူးပေါင်း၍ လက်နက်ကြီး ၆လုံး ပစ်သွင်းတိုက်ခိုက် ခဲ့ရာ ၂လုံး စခန်းတွင်းကျရောက် ပေါက်ကွဲ​ခဲ့ကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုတပ်စွဲရာဆီဆိုင်သည် တန့်ဆည်မြို့လမ်းဆုံအနောက်ဘက်၌တည်ရှိပြီး ဆီရောင်းချခြင်းမရှိတော့ကြောင်း၊ စစ်အုပ်စု၏ ထိခိုက်သေဆုံးအခြေအနေကို စုံစမ်းနေကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

“(၈၁)လက်လုပ်နဲ့ပစ်တာ။ လက်လုပ်ကြီးခေါ်မှာပေါ့ဗျာ။ ၆လုံးပစ်သွင်းခဲ့တာ ​ွေးတွေတပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ထဲကို။ သူတို့ရှိတဲ့ဝင်းထဲတော့ရောက်တယ်ဗျ။ အထိအခိုက်ဘာညာတော့ သေချာတော့မသိရသေးဘူး။”ဟု တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးမွှေနှောက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။