Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးအတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနှင့် တွန်းလှန်ဖြိုဖျက်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေရာကနေ အထူးတိုက်တွန်းချင်တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ လက်ရှိမြန်မာ့နွေဦး တော်လှန်ရေးမှာ အကြမ်းဖက် စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ် နေပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော
စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်တပ်ကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူများ နေ့စဉ်ဒုက္ခကြုံနေရမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအစိုးရ တစ်ရပ်အနေဖြင့် လူထု၏ ရှေ့၌ မားမားမတ်မတ်ရပ်တည်နေသည့် အစိုးရ ဖြစ်သကဲ့သို့ တည်ဆောက်ရေးအတွက် လူထု အားကိုးရသည့် အစိုးရ ဖြစ်ရန်အတွက် ကြိုးစားနေကြောင်း ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမြင်မတူခြင်း၊ လူမျိုးအလိုက်၊ ဒေသအလိုက် ရည်မှန်းချက် မတူခြင်းများ ရှိနိုင်သော်လည်း စစ်ကောင်စီကို အမြစ်ဖြတ်သုတ်သင်ချင်သည့် တူညီသည့် ဆန္ဒတစ်ခုက တော်လှန်ရေးအတွက် အကောင်းဆုံး အင်အားဖြစ်စေကြောင်း ပြောကြားသည်။

ထို့အပြင် စစ်ရေးအရှိန်မြှင့်နိုင်ရန် PDFများကို chain of command ကောင်းကောင်းနှင့် စနစ်တကျ ပြင်ဆင်ခြင်း၊ မဟာမိတ်များနှင့် ခိုင်မာသည့် စစ်ရေးပြင်ဆင်မှုများ တစ်ပြိုင်နက် လုပ်ဆောင်နိုင်ရန်လိုအပ်ခြင်းတို့အတွက် စီစဉ်ရန်လည်း ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံရေးအခြေအနေ၊ အခက်အခဲများကို မျက်ခြေမပြတ်စေရန် လိုအပ်မှု၊ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းပြီး အကြမ်းဖက်သမားများကို တရားစွဲဆိုနိုင်ရေး အပူတပြင်း စီစဉ်ရန် တို့ကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။