Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးအတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနှင့် တွန်းလှန်ဖြိုဖျက်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေရာကနေ အထူးတိုက်တွန်းချင်တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ လက်ရှိမြန်မာ့နွေဦး တော်လှန်ရေးမှာ အကြမ်းဖက် စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ် ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ် နေပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော
စစ်အုပ်စုချေမှုန်းနိုင်ရေးနှင့် စစ်ရေးအရှိန်မြှင့်တင်မှုကို မဟာမိတ်များနှင့်ပေါင်းပြီးလုပ်ရန်လိုဟုယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်တပ်ကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူများ နေ့စဉ်ဒုက္ခကြုံနေရမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအစိုးရ တစ်ရပ်အနေဖြင့် လူထု၏ ရှေ့၌ မားမားမတ်မတ်ရပ်တည်နေသည့် အစိုးရ ဖြစ်သကဲ့သို့ တည်ဆောက်ရေးအတွက် လူထု အားကိုးရသည့် အစိုးရ ဖြစ်ရန်အတွက် ကြိုးစားနေကြောင်း ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမြင်မတူခြင်း၊ လူမျိုးအလိုက်၊ ဒေသအလိုက် ရည်မှန်းချက် မတူခြင်းများ ရှိနိုင်သော်လည်း စစ်ကောင်စီကို အမြစ်ဖြတ်သုတ်သင်ချင်သည့် တူညီသည့် ဆန္ဒတစ်ခုက တော်လှန်ရေးအတွက် အကောင်းဆုံး အင်အားဖြစ်စေကြောင်း ပြောကြားသည်။

ထို့အပြင် စစ်ရေးအရှိန်မြှင့်နိုင်ရန် PDFများကို chain of command ကောင်းကောင်းနှင့် စနစ်တကျ ပြင်ဆင်ခြင်း၊ မဟာမိတ်များနှင့် ခိုင်မာသည့် စစ်ရေးပြင်ဆင်မှုများ တစ်ပြိုင်နက် လုပ်ဆောင်နိုင်ရန်လိုအပ်ခြင်းတို့အတွက် စီစဉ်ရန်လည်း ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံရေးအခြေအနေ၊ အခက်အခဲများကို မျက်ခြေမပြတ်စေရန် လိုအပ်မှု၊ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းပြီး အကြမ်းဖက်သမားများကို တရားစွဲဆိုနိုင်ရေး အပူတပြင်း စီစဉ်ရန် တို့ကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။