Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်-ထီးခီးလမ်းတွင်တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်ကအင်အား ၇၀ခန့်ပါဝင်​သောစစ်​ကြောင်းဖြင့်နိုဝင်ဘာ၁၉ရက်နံနက်၉နာရီခန့်ကအဆိုပါလမ်းပိုင်းတွင် သေနတ်ပစ်၍ ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းတွင်တိုက်ပွဲဖြစ်
ထားဝယ်-ထီးခီးလမ်းတွင်တိုက်ပွဲဖြစ်

ထားဝယ်-ထီးခီးလမ်း၊ ဝကုန်းရွာအနီးတွင်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား နိုဝင်ဘာ ၁၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF)ကယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကအင်အား ၇၀ခန့်ပါဝင်​သောစစ်​ကြောင်းဖြင့်နိုဝင်ဘာ၁၉ရက်နံနက်၉နာရီခန့်ကအဆိုပါလမ်းပိုင်းတွင် သေနတ်ပစ်၍ ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ထားဝယ်မြို့မှထီးခီးဘက်သွားမည့်စစ်ကြောင်းဖြစ်ကြောင်း EDF-PDFတာဝန်ရှိသူကပြောသည်။တိုက်ပွဲတွင်မျက်မြင်အရ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီးထပ်မံသေဆုံးမှုများရှိသော်လည်း အတည်မပြုနိုင်သေးဟုလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

“ယခုလတွေမှာ စကစစစ်ကြောင်းနဲ့ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်”ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်​ရေူကိုထားဝယ်-ပကဖ အဖွဲ့ဝင်များဖြစ်သည့်ထားဝယ်အရှေတောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF)၊သံမဏီပြောက်ကျားတပ်ဖွဲ့နှင့်ကော်သူလေးအာမီတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိထား၀ယ်ထီခီးလမ်းကစစ်ရေးတင်းမားတဲ့အခြေအနေတော့ရောက်နေပါပြီ၊နောက်တစ်ပတ်ထဲစကစ စစ်ကြောင်း ထပ်၀င်ဖို့ရှိပါတယ်။လမ်းသွားလာသူများကို သတိထားသွားကြဖို့ပြောချင်ပါတယ်”ဟု EDF-PDFတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။