Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ၁၂ရက်အတွင်း ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာပေါင်း ၁၈ရွာမှ နေအိမ်ပေါင်း ၁,၆၀၀ ကျော်မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်ဒေသခံပြည်သူ ၂၀,၀၀၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ‌နီးစပ်ရာ ဆွေမျိုး၊ ဘုရား၊ ကျောင်းကန်များတွင်သာ နေထိုင်နေရသည်။

လက်ယက်ကုန်း၊ညောင်ကြီးကုန်း၊ အင်ပင်၊ ကုန်းတဲ ကျေးရွာများ မီးရှို့ခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး
လက်ယက်ကုန်း၊ညောင်ကြီးကုန်း၊ အင်ပင်၊ ကုန်းတဲ ကျေးရွာများ မီးရှို့ခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၁၂ရက်အတွင်း ရွာပေါင်း ၁၈ ရွာရှိ နေအိမ် ၁,၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဒီဇင်ဘာလဆန်းမှ ၁၂ ရက်အထိ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ ပျော်ဘွယ်ရွာမှ ၃၃အိမ်၊ ညောင်ကြီးကုန်းရွာမှ ဘုန်းကြီးကျောင်းဆောင် အပါအ၀င် ၆၄ အိမ်၊ မဲအိုးရွာမှ ၇၆ အိမ်ခန့်၊ လက်ယက်ကုန်းရွာမှ ၁၈၆အိမ်ခန့်၊ မူးခတွင်းရွာမှ ၁၅၆ အိမ်ခန့်၊ညောင်လှရွာမှ ၁၉အိမ်၊‌ဘုန်းကြီးကျောင်း သုံးဆောင်၊ ကံကုန်းရွာမှ ၁၅အိမ်၊ သပြေသာရွာမှ ၂၅အိမ်၊ ဝဲကြီးရွာမှ ၈၅အိမ်၊ ရုံးသာရွာမှ ၃၀ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် နများရွာမှ ၃၁၈အိမ်၊ ယဥ်ကျေးရွာ မှ ၁၃အိမ်၊ မူးရိုးကုန်းရွာ ဘုန်းကြီးကျောင်းဆောင် အပါအ၀င် ၈၅ အိမ်၊ ဘန့်ဘွေးရွာမှ ၁၂အိမ်၊ အင်ပင်ရွာမှ ၂၅၀အိမ်၊ကုန်းတဲရွာမှ ၇၅အိမ်၊ကုန်းကြီးရွာမှ ၁၂အိမ်၊ ပေါက်ရင်းရွာမှ ၉ အိမ်စသည့် ကျေးရွာပေါင်း ၁၈ ရွာမှ နေအိမ် ၁,၆၀၀ ကျော် ပျက်စီးခဲ့သည်ဟု စာရင်းရရှိထားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အချို့ကျေးရွာများ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး ယခုအကြိမ် မီးရှို့ဖျက်ဆီးမှုသည် စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူများ၏ နေထိုင်၊ စားသောက်ရေး အခက်အခဲများ ပိုဖြစ်လာစေရန် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်ဒေသခံပြည်သူ ၂၀,၀၀၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ‌နီးစပ်ရာ ဆွေမျိုး၊ ဘုရား၊ ကျောင်းကန်များတွင်သာ နေထိုင်နေရသည်။

ထို့အပြင် နေအိမ်မီးရှို့ခံရသည့် ပြည်သူများမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်မှစ၍ ၁၀ ရက်ခန့်ထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များ၊ ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများပါ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် နေထိုင်စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

လတ်တလော မီးဘေးကယ်ဆယ်ရေးစခန်းအချို့က မီးဘေးသင့်ပြည်သူများအတွက် အစားအသောက်များ ချက်ပြုတ်ကျွေးမွေးနိုင်ရန် ကူညီ ထောက်ပံ့ပေးနေပြီး လူဦးရေအဆမတန်များပြားနေသဖြင့် အကူအညီများ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။