Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် ပခန်းကြီး၌ စစ်အုပ်စုနှင့် PDF တို့တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ်၊ပခန်းကြီးကျေးရွာ အနောက်ဘက်တွင် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက် ခဲ့သည်။

(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ - ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)
(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ - ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့နယ် ဟောင်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF သုံးဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူတစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁)၊ တပ်ခွဲ – ၁က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ်၊ပခန်းကြီးကျေးရွာ အနောက်ဘက်တွင် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက် ခဲ့သည်။

ထို့နောက် ပြည်သူတစ်ဦးအား ဖမ်းဆီးပြီးနောက် မြေခဲတောင်ရွာအားဝင်ရောက်ရန် ထွက်ခွာလာချိန် မဟာမိတ် သုံးဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)၊တပ်ခွဲ-၁က အသိပေးသည်။

မဟာမိတ်ရဲဘော်များနှင့် စစ်ကောင်စီတပ်များအပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးခံရသည့် ပြည်သူအား ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ - ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)
(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ – ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)

စစ်ကောင်စီဘက်က လက်နက်အင်အားသာလွန် ၍ ဆုတ်ခွာခဲ့ပြီး စစ်အုပ်စုထိခိုက်မှုမသိရသေးကြောင်း၊ ရဲဘော်များအားလုံးအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့-တပ်ခွဲ ၁ ၊ Urban Undergground Force၊ 27 Revolution Forceတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့-၁၊တပ်ခွဲ- ၁ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)၊တပ်ခွဲ- ၁သည် ဒီဇင်ဘာ ၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ စဥ့်ကူနယ်မြေရဲစခန်းက စခန်းမှူးအပါအဝင် ရဲငါးဦးအား တက်မမှော်အတွင်းရှိ ဘီယာဆိုင်၌ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ငါးဦးလုံးသေဆုံးပြီး လက်နက်လေးလက်ပါ သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။