Connect with us

Hi, what are you looking for?

သတင်း

မဘသနဲ့စစ်အုပ်စုဆန္ဒပြပွဲကို လူမှုကွန်ရက်မှာတင်သူ အမျိုးသမီးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၂၁ ရက်က မဟာမုနိဘုရားကြီး ၊၄၅ တာကွင်းမှာ မဘသတွေ နဲ့ စစ်အုပ်စုလိုလားသူတွေက NUG ၊ PDF ကိုအကြမ်းဖက်လို့စွပ်စွဲပြီးဆန့်ကျင် ဆန္ဒပြကြတာပါ။

မဘသနဲ့စစ်အုပ်စုဆန္ဒပြပွဲကို လူမှုကွန်ရက်မှာတင်သူ အမျိုးသမီးဖမ်းဆီးခံရ
မဘသနဲ့စစ်အုပ်စုဆန္ဒပြပွဲကို လူမှုကွန်ရက်မှာတင်သူ အမျိုးသမီးဖမ်းဆီးခံရ

မန္တလေးမှာ မဘသ နဲ့ စစ်အုပ်စုကိုလိုလားသူတွေ ရဲ့ ဒီဇင်ဘာလ ၂၁ ရက်က စုရုံးဆန္ဒပြပွဲကို Tik Tok မှာ တင်ခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်က မဟာမုနိဘုရားကြီး ၊၄၅ တာကွင်းမှာ မဘသတွေ နဲ့ စစ်အုပ်စုလိုလားသူတွေက NUG ၊ PDF ကိုအကြမ်းဖက်လို့စွပ်စွဲပြီးဆန့်ကျင် ဆန္ဒပြကြတာပါ။

အဲဒီဆန္ဒပြပွဲကို ” ဘုရားကြီးမှာ လာပြီးဟောင်နေလေရဲ့” ဆိုတဲ့စာရေးသားပြီး လူမှုကွန်ရက်မှာတင်တဲ့ အမျိုးသမီးကို စစ်ကောင်စီက မနေ့က ဒီဇင်ဘာလ ၂၂ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

အမျိုးသမီးငယ်ကို အရပ်ဝတ် စစ်ကောင်စီတပ်သားတွေက ဖမ်းလာတဲ့ ရုပ်သံဖိုင်ကိုလည်း စစ်ကောင်စီလော်ဘီတွေက လူမှုကွန်ရက်မှာ ဖြန့်ဝေနေကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမျိုးသမီးငယ်ဟာ မဟာမုနိဘုရားကြီးနားက သင်္ကန်းတိုက်မှာ အလုပ်လုပ်ကိုင်သူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာ တွေမှာ နေ့စဉ်ဖော်ပြချက်အရ စစ်အာဏာသိမ်းတာကို လူမှုကွန်ရက်မှာ ဆန့်ကျင်ရေးသားသူ ၂ ဦးထက်မနည်း နေ့တိုင်းဖမ်းဆီးခံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။