Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် PDF တပ်များ (၁၁)ကြိမ်တိုက်ပွဲဖြစ်

“အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်”ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်)

▪️စစ်တပ်ဗိုလ်မှူးအပါအဝင် ၂၀ကျော်သေဟုဆို

ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၁၁)ကြိမ်ဖြစ်ထားပြီး စစ်ကောင်စီတပ်မှ ဗိုလ် မှူးတစ်ဦးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း တောင်ငူခရိုင် PDFတပ်ရင်း (၃၅၀၁)က ယနေ့ (ဒီဇင်ဘာ ၂၄) ထုတ်ပြန်သည်။

တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ဒီဇင်ဘာ ၁၅ ရက်ကစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင် စီတပ်မှ ဗိုလ်မှူးနန္ဒအောင်အပါအဝင်အခြားအဆင့် ၂၀ထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်ထံမှ အမ်အေ-၂ စက်သေနတ် တစ်လက်၊ အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ အမ်အေ-၃ ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ (၆၀)မမ ဗုံးသီး တစ်ခု၊ အာပီဂျီ ဗုံးသီး တစ်ခု နှင့် ကျည်မျိုးစုံ တို့အားသိမ်းဆည်းရမိခဲ့ကြောင်း တပ်ရင်း (၃၅၀၁)က အသိပေးသည်။

အထက်ပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တပ်ဖွဲ့ဝင်သုံးဦး မြင့်မြတ်စွာအသက်စွန့်လွှတ်ခဲ့ရပြီး ရဲဘော်တစ်ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်”ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင်း တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ (၁,၀၀၀)ဦးထက်မနည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ