Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာမှ နေအိမ် ၇၀၀ခန့် ပြာကျ

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော ဘုရားထွက်ရွာနှင့် ကြည်ရွာနေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-အဖြူရောင် DPY ပကဖ
မီးရှို့ဖျက်ဆီးခံခဲ့ရသော ဘုရားထွက်ရွာနှင့် ကြည်ရွာနေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-အဖြူရောင် DPY ပကဖ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့၍ ဘုရားထွက်ရွာနှင့် ကြည်ကျေးရွာတို့မှ နေအိမ် ၇၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဘုရားထွက်ရွာတွင် နေအိမ်​ ၄၀၀ခန့် မီးလောင်ကျွမ်းခဲ့ကာ ၁၅အိမ်ခန့်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကြည်ရွာတွင် အိမ်​ခြေ ၃၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဂူတော်ကြီးကျောင်း၌ စစ်ရှောင်နေသည့် ဒေသခံပြည်သူ ၂၀ခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း၊အမျိုးသား သုံးဦးနှင့်အမျိုးသမီး ၁၇ ဦးခန့်ပါရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကြည်ရွာ၊ ဘုရားထွက် ကျေးရွာများရှိ နေအိမ်များအပြင် ဆန်၊ စပါး၊ အသုံးဆောင်ပစ္စည်းများစွာကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း အဖြူရောင် DPY ပကဖအဖွဲ့က ပြောသည်။

“ကြည်ရွာထဲ ရှင်းလင်းရေးဝင်ချိန် ပြည်သူပိုင်နေအိမ်အတွင်းမှာလဲ စကစ အလောင်း လို့ ယူဆရတဲ့ အလောင်း(၁)လောင်းတွေ့တယ်။”ဟု အဖြူရောင် DPY ပကဖအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာအတွင်းကျေးရွာ (၂၂)ရွာက အိမ်ခြေ ၂,၉၀၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၂၀၀ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။