Connect with us

Hi, what are you looking for?

သတင်း

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းနီးပါး နိုင်ငံကိုစွန့်ခွာနေကြ

ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOM ကပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်စဉ် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများ(ဓာတ်ပုံ − ဘန်ကောက်ပို့စ်)
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်စဉ် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများ(ဓာတ်ပုံ − ဘန်ကောက်ပို့စ်)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် နိုင်ငံကိုစွန့်ခွာနေကြတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာ အဖွဲ့အစည်း(IOM) က ဒီဇင်ဘာလ ၂၈ ရက်မှာထုတ်ပြန်ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတာ ၊စီးပွားရေးအကျပ်အတည်းကိုကြုံရတာအပြင်အခြားသောအကြောင်းအရာတွေကြောင့် နိုင်ငံကိုစွန့်ခွာနေကြတာဖြစ်ပြီးအများစုဟာထိုင်းနိုင်ငံကိုသွားရောက်ကြတယ်လို့ IOM က ဆိုထားပါတယ်။

ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOM ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်တွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေဟာ ၁သန်းကျော်ရှိလာပြီလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာရင်းထဲမှာ စစ်ကိုင်းတိုင်းတစ်ခုထဲကတင်လူဦးရေ ၆ သိန်းကျော် ပါဝင်တယ်လို့ IOM က ဖော်ပြပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံမှာ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေ ဆက်ပြီး အခက်အခဲ ကြုံတွေ့ရဦးမှာဖြစ်ပြီး ကိုဗစ် ကုသမှုနဲ့ ကာကွယ်မှုတွေလည်း အခက်အခဲတွေရှိနေတဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေပိုများလာမယ်လို့ IOM က တွက်ဆထားပါတယ်။

ဒါအပြင် လာမယ့် ၂၀၂၃ မှာ စစ်တပ်က လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကြောင့် ဒီနှစ်ထက်ပိုဆိုးမယ့်အခြေအနေတွေကြုံလာရနိုင်တယ်လို့ IOM က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။