Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းနီးပါး နိုင်ငံကိုစွန့်ခွာနေကြ

ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOM ကပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်စဉ် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများ(ဓာတ်ပုံ − ဘန်ကောက်ပို့စ်)
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလို့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်စဉ် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများ(ဓာတ်ပုံ − ဘန်ကောက်ပို့စ်)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် နိုင်ငံကိုစွန့်ခွာနေကြတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာ အဖွဲ့အစည်း(IOM) က ဒီဇင်ဘာလ ၂၈ ရက်မှာထုတ်ပြန်ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတာ ၊စီးပွားရေးအကျပ်အတည်းကိုကြုံရတာအပြင်အခြားသောအကြောင်းအရာတွေကြောင့် နိုင်ငံကိုစွန့်ခွာနေကြတာဖြစ်ပြီးအများစုဟာထိုင်းနိုင်ငံကိုသွားရောက်ကြတယ်လို့ IOM က ဆိုထားပါတယ်။

ပြည်ပကို ထွက်ခွာကြသူတွေအပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာတယ်လို့ IOM ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်တွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေဟာ ၁သန်းကျော်ရှိလာပြီလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာရင်းထဲမှာ စစ်ကိုင်းတိုင်းတစ်ခုထဲကတင်လူဦးရေ ၆ သိန်းကျော် ပါဝင်တယ်လို့ IOM က ဖော်ပြပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံမှာ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေ ဆက်ပြီး အခက်အခဲ ကြုံတွေ့ရဦးမှာဖြစ်ပြီး ကိုဗစ် ကုသမှုနဲ့ ကာကွယ်မှုတွေလည်း အခက်အခဲတွေရှိနေတဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေပိုများလာမယ်လို့ IOM က တွက်ဆထားပါတယ်။

ဒါအပြင် လာမယ့် ၂၀၂၃ မှာ စစ်တပ်က လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကြောင့် ဒီနှစ်ထက်ပိုဆိုးမယ့်အခြေအနေတွေကြုံလာရနိုင်တယ်လို့ IOM က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

သတင်း

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။