Connect with us

Hi, what are you looking for?

သတင်း

ငဖဲတွင် စစ်ကောင်စီအမြှောက်တပ်သားများလိုက်ပါလာသည့်ယာဥ်ကို မိုင်း​ဆွဲတိုက်ခိုက်

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် PRA မကွေးနှင့်မသက်ဆိုင်သည့် လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ မိုင်းထိရာအနီးရှိ မြေလတ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း PRA-Magway သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ငဖဲတွင် စစ်ကောင်စီအမြှောက်တပ်သားများလိုက်ပါလာသည့်ယာဥ်ကို မိုင်း​ဆွဲတိုက်ခိုက်
ငဖဲတွင် စစ်ကောင်စီအမြှောက်တပ်သားများလိုက်ပါလာသည့်ယာဥ်ကို မိုင်း​ဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ် (၉၀၅) အမြှောက်တပ်မှ တပ်သားလိုက်ပါလာသည့် ယာဥ်တစ်စီးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance(PRA-Magway) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁ ရက်) နံနက် ၈ နာရီခွဲခန့်က အမှတ်(၉၀၅)အမြှောက်တပ်က စစ်ကောင်စီတ​ပ်သားများလိုက်ပါလာသော မော်တော်ယာဥ်ကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PRA-Magway သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး နောက်ဆက်တွဲအခြေအနေ ဆက်လက်စုံစမ်းနေကြောင်း ၎င်းတာဝန်ခံက ပြောသည်။

“စစ်ကောင်စီယာဥ်ပေါ်မှာတော့ အင်အား၂၅ယောက် ပါပါတယ်။သူတို့က ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာကနေပြီးတော့ သူတို့တပ်ရှိရာ ငဖဲမြို့နယ် ဆုံကုန်းမှာရှိတဲ့တပ်ကိုပြန်တာဖြစ်ပါတယ်။ မိုင်းထိပြီးနောက် စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့သူ အမြောက်အများရှိတယ်လို့ သိရပါတယ်။ ပြင်းထန်တဲ့သူတွေကိုတော့ နီးစပ်ရာဆေးရုံတွေကိုပို့ဆောင်တယ်လို့သိရပါတယ်။”ဟု PRA-Magway သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် PRA မကွေးနှင့်မသက်ဆိုင်သည့် လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ မိုင်းထိရာအနီးရှိ မြေလတ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း PRA-Magway သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ဂုတ်ကြီးကျေးရွာရဲစခန်းမှ ကင်းလှည့်စစ်ကြောင်းကို ​ခြုံခိုတိုက်ခိုက်ခဲ့ရာ ဂုတ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း People’s Revolution Alliance(PRA-Magway)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။