Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကားဖြတ်သန်းရန် ကင်းပုန်းလာဝပ်သည့် စစ်အုပ်စုမိုင်းထိ

စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြိုင်တွင် စစ်ကားဖြတ်သန်းရန် ကင်းပုန်းလာဝပ်သည့် စစ်အုပ်စုမိုင်းထိ
မြိုင်တွင် စစ်ကားဖြတ်သန်းရန် ကင်းပုန်းလာဝပ်သည့် စစ်အုပ်စုမိုင်းထိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးကျေးရွာနှင့် ရဲစခန်းကြား ယာဥ်တန်း ဖြတ်သန်းရန် ကြိုတင်ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၆ ရက်) နံနက် ၁၀နာရီခန့်က မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ ပျူစောထီးစခန်းနှင့် ကိုင်းတောမနယ်‌မြေရဲစခန်းကြား စစ်ကောင်စီ ယာဉ်တန်းဖြတ်သန်းရန်အတွက် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော ၁၀ဦးခန့်ပါ စစ်ကောင်စီတပ်၏ ရှေ့‌ပြေးအဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ အဖွဲ့အား ရှေ့ထွက်မိုင်း၊ ရှေ့ထွက်‌ပြောင်းတိုက် (၁၈)လုံးကို မိုင်းပွိုင့် (၉)နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်ကောင်စီတ​ပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသ​ည်။

စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၏ တပ်ခွဲ(၄) စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တပ်ခွဲ(၁)၊မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ဂတုံးတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၅ ရက် ညနေကလည်း မြိုင်(ပကဖ)အဖွဲ့များသည် ‌မြိုင်မြို့အဝင် မြောက်ဘက်နှင့် အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား လက်နက်ကြီးလက်နက်ငယ်များဖြင့် တပြိုင်နက် တိုက်ခို​က်ခဲ့ရာ စစ်သားနှင့်ရဲ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ခုနစ်ဦးအနက် နှစ်ဦးသေဆုံးကြောင်း မြိုင်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။