Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးအခြေအနေရ ပြည်သူများ စစ်ကောင်စီတပ်နှင့်ဝေးရာရှောင်ရှားကြရန် PDF(ကလေး) သတိပေး

“မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ”ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။

(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDF က​လေး)
(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ကို​တွေ့ရစဥ်။ ဓါတ်ပုံ-PDF က​လေး)

ကလေးမြို့နယ်တွင်စစ်ရေးတင်းမာနေသဖြင့်အချိန်မရွေး၊ နေရာမရွေး ဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့်ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်ဝေး ရာတွင်ကြိုတင်ရှောင်ရှားထားကြရန် က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ က ယ​နေ့အရေးပေါ်သတိပေးချက်ထုတ်​ပြန်သည်။

“ကျွန်တော်မှာ အမြဲတမ်းကြုံနေရာတဲ့ ပြသနာက စစ်ကောင်စီက ကိုယ်ခွင်ထဲရောက်လာပြီ ကိုယ်လုပ်လိုက်လို့ရတယ်။ ပြည်သူတွေက အနားမှာအမြဲရှိတယ်။ ကျွန်တော်တို့လုပ်လိုက်မယ်ဆိုရင် စစ်ကောင်စီကို ထိမှာသေချာတယ်။ပြည်သူလည်း ကံဆိုး၊ကံကောင်းထိမှာ အာလိုတွေကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး။တန်ဖိုးရှိတဲ့ ပြည်သူတယောက်အသက်ကို ဆောရီးပါလို့ဒီလိုပဲအမြဲတမ်းမဖြစ်စေချင်ဘူး။”ဟု PDFကလေး မှ တာဝန်ရှိသူကပြောသည်။

PDF(ကလေး)တာဝန်ရှိသူများကပြည်သူများကို ရှောင်ရှားခိုင်းသည့်နေရာများမှာစစ်ကောင်စီတပ်အခြေစိုက်နေရာများ၊ ၎င်းတို့သွားလာရာလမ်းကြောင်းများနှင့် စစ်ကောင်စီမော်တော်ယာဉ်များဖြစ်သည်။

ထိုပြင်ကလေးမြို့ပေါ်တွင်လည်းစစ်ဆင်​ရေးများရှိ၍ပြည်သူများသတိထားသွားလာကြရန်လည်းတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ”ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။

ယမန်နေ့( ဇန်နဝါရီလ ၉ ရက်)နံနက်ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက်၊ဝယ်စလီဆေးရုံနှင့် ဒိုးဝိုင်းချောင်းလမ်းသို့ ရောက်ရှိလာသောစစ်ကောင်စီ တပ်ကို PDF (Kalay) ၏ မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့ (Operation MoMo) ကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ပြန်ပစ်၍ နေအိမ်အတွင်းမှ ပြည်သူ တစ်ဦးကျည်ထိမှန်‌သေဆုံးခဲ့သဖြင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းPDF (Kalay)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook